မုံရွာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Sep 03,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မုံရွာမြို့နယ်အတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သံဃာတော်/သီလရှင်များနှင့် အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများ အတွက် ကိုဗစ်-၁၉ရောဂါ မပြန့်ပွား မကူးစက်စေရေးအား အထူးအလေးထားကာ နိုင်ငံတော်မှ ထောက်ပံ့သည့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို စဉ်ဆက်မပြက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်(၉)နာရီမှ နေ့လယ်(၁)နာရီအထိ မုံရွာမြို့ပေါ်ရှိ တိုင်းဒေသကြီး ပြည်သူ့ အားကစားကွင်း အတွင်းရှိ ဖူဆယ်အားကစားရုံခန်းမတွင် တိုင်းအားကစားကွင်း(ဖူဆယ်)၊ ကျား(၁၂၀)ဦး၊ မ(၂၀၂)ဦး၊ ပေါင်း(၃၂၂)ဦး နှင့် မိုးလုံလေလုံ အားကစားရုံခန်းမတွင် ကျား(၁၃၅)ဦး၊ မ(၁၇၆)ဦး၊ ပေါင်း(၃၁၁)ဦး၊ အခြေခံပညာ အထက်တန်းကျောင်း (အလုံ)တွင် ကျား(၁၄၃)ဦး၊ မ(၁၇၅)ဦး၊ ပေါင်း(၃၁၈)ဦး၊ ဘိုးဘွားရိပ်သာတွင် ကျား(၂၇)ဦး၊ မ(၄၀)ဦး၊ ပေါင်း(၆၇)ဦး စသည့် ဆေးထိုးစုရပ် (၄)နေရာတို့တွင် ဦးတည်အုပ်စု(၁၂)စုမှ ဦးစားပေးအလိုက် ကျား(၄၂၅)ဦး၊ မ(၅၉၃)ဦး၊ ပေါင်း (၁၀၁၈)ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေးခဲ့ကြောင်း သိရသည်။