သာစည်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ငါးဆူကျောင်းကန်ထူးပေါက်ပြီး လူနေအိမ်အချို့ ရေဝင် ရောက်

သာစည် စက်တင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက   မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သာစည်မြို့ အမှတ်(၁)ရပ်ကွက် နှင့်ရွာပုလဲကျေးရွာအုပ်စုကြားရှိ ငါးဆူကျောင်းကန်မှာ  နံနက် ၉ နာရီတွင် အကျယ် ၁၅ ပေခန့် ထူးပေါက်၍   ရေပေါက်ကျမှုဖြစ်ပွားခဲ့ကြောင်း  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ သွားရောက်ကြည့်ရှုပြီး ထူးပေါက်သည့် နေရာအားမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံ ခန့်ခွဲရေး ဦးစီးဌာနကနေ့ချင်းပြီး ပြုပြင်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။ ထူးပေါက်ပြီး ရေပေါက် ကျမှုကြောင့်အမှတ်(၁)ငါးဆူတိုးချဲ့ရပ်ကွက်ရှိ နေအိမ်အချို့ ရေဝင်ရောက်မှုဖြစ်ပွားခဲ့ပြီး လူနှင့်တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုနှင့်သေဆုံးမှု မရှိကြောင်း သိရသည်။                                                           

 မြို့နယ်ပြန်/ဆက်