သတင်းများ

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အမရပူရမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသောပြည်သူ များအားဆန်များထောက်ပံ့ပေးအပ်
Sep 02,2021
အမရပူရမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော ပြည်သူများအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆန်များထောက်ပံ့ပေးအပ်ခြင်းကို လေးစုရပ်ကွက်၊အထက(၁)ကျောင်း အမရ အောင်မြေခန်းမဆောင်တွင် ယနေ့နံနက်၁၀ နာရီအချိန်က ထောက်ပံ့ပေးအပ်ခဲ့သည်။
ဒလမြို့နယ်၌ ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Sep 02,2021
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို  ယနေ့နံနက် ၉ နာရီက  တပင်ရွှေထီးရပ်ကွက် ဒလ-ဓနုတ်ကားလမ်းမကြီးဘေးရှိ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၌ မြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများနှင့် သတ်မှတ်ထားသော ဦးစားပေးအစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်)ကို ထိုးနှံပေးလျက်ရှိသည်။
ကယားပြည်နယ် စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 02,2021
ကယားပြည်နယ် စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉နာရီခွဲအချိန်တွင် ကယားပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က တက်ရောက်ခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဇလွန်မြို့ကမ်းနားရပ်ကွက် ရေကင်းစခန်းအမှတ်(၃)အား ကြည့်ရှုစစ်ဆေး
Sep 02,2021
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများသည် ယနေ့မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် ဇလွန်မြို့ကမ်းနားရပ်ကွက် ရေကင်းစခန်းအမှတ်(၃)ကိုကြည့်ရူစစ်ဆေးခဲ့ကြသည်။
မိုးစပါးစိုက်ပျိုးမှု ထွန်တုံးပိတ် စိုက်ပျိုး
Sep 02,2021
အမရပူရမြို့နယ် မိုးရာသီမိုးစပါးစိုက်ပျိုးမှု ထွန်တုံးပိတ်စိုက်ပျိုးခြင်းကို တမုတ်ဆိုးကျေးရွာ အဆင့်မြင့်လယ်ယာ ဒေသ ၁၅၀ မြေပြင်ကွင်းတွင် တောင်သူ ဦးအောင်မျိုးထွန်း လယ်ယာမြေတွင် ယမန်နေ့ နံနက် ၈နာရီအချိန်က အဆိုပါ ကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့်  မလှိုင်မြို့နယ်၊ မြို့ကုန်းဆည် ရေဝင်မြောင်း လက်တံကျိုးပြတ်
Sep 02,2021
မန္တလေးတိုင်းဒေသကြီး၊  မလှိုင်မြို့နယ်၊ ညောင်အုပ် ကျေးရွာအုပ်စု၊ မြို့ကုန်း ကျေးရွာအနီးရှိ  မြို့ကုန်းဆည် ရေဝင်မြောင်း လက်တံသည် မိုးသည်းထန်စွာ  ရွာသွန်းမှုကြောင့် ယမန်နေ့ ည (၁၁) နာရီ (၄ဝ) မိနစ်  အချိန်ခန့်တွင် အရှည်ပေ(၂ဝ) ခန့်  ကျိုးပြတ်သွားခဲ့ကြောင်းသိရသည်။  
ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ရှိ ကိုဗစ်-၁၉ အတည်ပြု လူနာများပြုစု စောင့်ရှောက်ရေးစခန်းသို့ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ညနေဈေးအတွင်း Mask Campaign ဖြင့် အသိပညာပေးဆောင်ရွက်
Sep 02,2021
ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်  ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နေကြသည့် ဘာသာရေးအဖွဲ့အစည်းများထံ ကာကွယ် ရေးသုံးပစ္စည်း၏ ကိုဗစ်-၁၉ အတည်ပြုလူနာများပြုစုစောင့်ရှောက်ရေးစခန်းသို့ ကာကွယ်ရေးသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ညနေဈေးအတွင်း Mask Campaign ဖြင့် အသိပညာပေး ခြင်းလုပ်ငန်းကို ယမန်နေ့ ညနေ ၄ နာရီခွဲတွင် ဆောင်ရွက်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတမြို့ ရေကာတာများအား ကြည့်ရှုစစ်ဆေး
Sep 02,2021
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယနေ့ နေ့လယ်ပိုင်းက ခရိုင်နှင့် မြို့နယ် တာဝန်ရှိသူများနှင့်အတူတူ ဟင်္သာတမြို့နယ် အိပ်ပျက်အုပ်စုရှိ ဖောင်ဆိပ် ကျေးရွာသို့ ရောက်ရှိကာ ဧရာဝတီမြစ် ရေကာတာများကို ကြည့်ရှုစစ်ဆေးခဲ့​သည်။