သတင်းများ

တောင်တွင်းကြီးမြို့၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆဌမနေ့ ဆက်လက်ထိုးနှံပေး
Sep 03,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဒုတိယအကြိမ်ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေးထိုးရန် ကျန်ရှိသည့်ပြည်သူများကို ဆဌမနေ့အဖြစ် ယနေ့နံနက်(၉)နာရီကမြို့နယ် သာသနာ့ဗိမာန်၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လိပ်သိုမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ
Sep 03,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာများရှိ  ပထမ အကြိမ် ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေးထိုးနှံထားသော ဆရာတော်သံဃာတော်များ၊ အသက် (၆၅) နှစ်နှင့် အထက်ပုဂ္ဂိုလ်များနှင့်  ပြည်သူများကို  ယမန်နေ့ နံနက် ၉ နာရီမှ စတင်ကာ  ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မော်လမြိုင်ကျွန်း မြို့နယ်သို့ အောက်ဆီဂျင် စက်ရောက်ရှိ၊ တပ်ဆင်လျက်ရှိ ပြီးအောက်ဆီဂျင် ထုတ်လုပ်နိုင်ရေး အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်
Sep 03,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဝေဒနာရှင်များနှင့် အောက်ဆီဂျင် လိုအပ်မည့် လူနာများ ကျန်းမာရေး စောင့်ရှောက်မှု အဆင်ပြေစေရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့မိ မြို့ဖ များ ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များ စုပေါင်း၍  Oxygen Plant  တည်ဆောက်နိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိသည်။
ရွှေပြည်သာမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အား ထိုးနှံပေးခြင်း ဆောင်ရွက်
Sep 03,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာ မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင် ရေး အတွက် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော အမှတ်(၇/၈/၉)ရပ်ကွက်ရှိ အသက်(၆၅)နှစ် အထက်သက်ကြီး အဘိုးအဘွားများနှင့် နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ သံဃာတော်များနှင့် သီလရှင်များ အား (ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharmကို ယမန်နေ့မွန်းလွဲ(၂)နာရီမှ စတင်၍ ရွှေပြည်သာမြို့နယ် အမှတ်(၈)ရပ်ကွက် အ.ထ.က(၃)ကျောင်းတွင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကိုလည်း စက်တင်ဘာ(၃၀)ရက်နေ့တွင်ဆက်လက် ထိုးနှံပေးသွား မည်ဖြစ် ကြောင်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှသိရသည်။
ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDPs စခန်းတွင် ခိုလှုံနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ
Sep 03,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDPs စခန်းတွင် ခိုလှုံနေကြသည့် ပြည်သူများကို ယမန်နေ့ မွန်းလွဲ ၂ နာရီ ၃၀ အချိန်က ကျန်းမာရေးဌာနမှဝန်ထမ်းများက အဆိုပါခိုလှုံရာစခန်းသို့သွား ရောက်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား   ဒုတိယအကြိမ်မြောက် ပြန်လည်ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်မှုကြောင့် ဆိပ်ဖြူ -စလင်း - မင်းဘူးကားလမ်း ဆူးလေကုန်းချောင်းရေလျှံ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့
Sep 03,2021
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက မိုးများသည်း ထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ဆိပ်ဖြူ -စလင်း -မင်းဘူးကားလမ်းပေါ်ရှိ မြင်က၀ကျေးရွာအုပ်စု ဆူးလေကုန်းကျေးရွာရှိ ဆူးလေကုန်းရေကျော်ချောင်း သည် ချောင်းရေနှင့်အတူ မျောပါလာသည့် သစ်ပင် သစ်ကိုင်း အမှိုက်ဖြင့် ပိတ်ဆို့မှုကြောင့်သွားလာရန် အခက်အခဲများရှိပြီး လမ်းပိတ် ဆို့မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။
မလှိုင်မြို့နယ်မှ စေတနာ့ဝန်ထမ်း (Volunteer) အဖွဲ့များကို ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်
Sep 03,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေး နှင့်ကြိုတင်ကာကွယ် ရေး လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေကြသည့် စေတနာ့ဝန်ထမ်း (Volunteer )  အဖွဲ့များကို ကာကွယ် ရေးသုံး ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယမန်နေ့ ညနေ ၃နာရီ ခွဲ အချိန်က မလှိုင်မြို့နယ် အထေွထေွ အုပ်ချုပ်‌ရေး ဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။  
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တာဝန်ယူတည်ဆောက်သည့် အောက်ဆီဂျင် ထုတ်စက်ရုံ လည်ပတ်နေမှုအား မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများမှ ကွင်းဆင်း ကြည့်ရှု
Sep 03,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၄)ရပ်ကွက်၊ ရေနံသာလမ်းရှိ စည်ပင်သာယာရေးဝန်း၌ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တာဝန်ယူ တည်ဆောက်သည့် အောက်ဆီဂျင်ထုတ်စက်ရုံ လည်ပတ်နေမှုအား  ယမန်နေ့နံနက် (၈) နာရီအချိန်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများက စက်ရုံ လည်ပတ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။