သတင်းများ

ပုလောမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Sep 03,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများနှင့် ဦးစားပေးအဆင့်လိုက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိ သူတို့က ရှပ်ပုံကျေးရွာ အုပ်စုရှိ ဝါးတန်း (မူလွန်) ကျောင်းတွင် တတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။
မြောက်ဥက္ကလာမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း ဆက်လက်ဆောင်ရွက်
Sep 03,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်(၇)နာရီက အ.ထ.က(၁) ကျောင်း၊ မြတ်ခရေခန်းမတွင် ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးတည်အုပ်စုများအလိုက် ပထမအကြိမ် ထိုးနှံပြီးစီးခဲ့သူများအား ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးလျက်ရှိ
Sep 03,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူအားလုံး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား ဦးတည်အုပ်စုများအလိုက် ဦးစားပေးအဆင့်များအတိုင်း ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများကို ဒုတိယအကြိမ် ထပ်မံထိုးနှံပေး လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်က ရန်ကုန်ဘူတာကြီးတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မိုးညိုမြို့နယ်တွင် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်ထားရှိ
Sep 03,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မိုးညိုမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား လျင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် တပ်ဖွဲ့ဝင်အင်အားနှင့် အရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းများ အဆင်သင့်ဖြစ်စေရေး စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် အလုပ်သွားရောက် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများထံ ပြန်လည် လွှဲပြောင်း
Sep 03,2021
ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ချင်းရွှေဟော်မြို့ တရုတ်-မြန်မာ နယ်စပ် စစ်ဆေးရေးစခန်းသို့ တရုတ်နိုင်ငံရှိ မြို့အသီးသီးတွင် အလုပ်သွားရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား (၅၃)ဦးအား  တရုတ်နိုင်ငံနယ်ခြားစောင့် လူဝင်မှုစစ်ဆေးရေးဌာန၊ ရဲမှူး ကျန်းကျင်းကွေး ဦးဆောင်သော အဖွဲ့မှ ချင်းရွှေဟော်နှစ်နိုင်ငံနယ်စပ်တံတားပေါ်တွင် လွှဲပြောင်းပေးအပ်ခဲ့ရာ ယမန်နေ့ ညနေပိုင်းအချိန်က မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်ဦးပိုင်နှင့် တာဝန်ရှိ ဌာနဆိုင်ရာများက စိစစ်လက်ခံခဲ့ကြောင်းသိရသည်။          
 ဝေါမြို့နယ် မိုးယွန်းကြီးအင်း ဘေးမဲ့သစ်တောကြိုးဝိုင်း သဘာဝရေပြင် အတွင်းသို့  ငါးမျိုးစိုက်ထည့်ပွဲ ကျင်းပ
Sep 03,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန မှ ငါးသယံဇာတ ပေါများ ကြွယ်ဝစေရန် နှင့် ငါးထုတ်လုပ်မှု တိုးတက်စေရန်အတွက်  ငါးမျိုးစိုက်ထည့်ပွဲကို ယနေ့နံနက် (၉) နာရီက ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ အင်းတိုင်စုကျေးရွာ ပြွန်စုကျေးရွာအနီရှိ မိုးယွန်းကြီးဘေးမဲ့သစ်တောကြိုးဝိုင်း သဘာဝရေပြင်အတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပွဲကို တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ ကျင်းပပြုလုပ်ခဲ့သည်။
နတ်မောက်မြို့နယ်တွင် တောင်သူများ တိုင်ထောင်ခရမ်းချဉ်သီး တစ်နိုင်တစ်ပိုင်စိုက်ပျိုး လျက်ရှိ
Sep 03,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် န/လက်ခုပ်ပင် ကျေးရွာရှိတောင်သူများ ခရမ်းချဉ်သီးကိုတစ်ပိုင်   တစ်နိုင်စိုက်ပျိုးသည့်အတွက် ပုံမှန်ဝင်ငွေရရှိကြောင်းသိရသည်။
တောင်ကုတ်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုနှစ် မိုးရာသီမိုးစပါးထွန်တုံး ပိတ်ပွဲ ကျင်းပ
Sep 03,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၁-၂၀၂၂ ခုနှစ် မိုးရာသီ မိုးစပါးထွန်းတုံး ပိတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၃၀ အချိန်က တောင်ကုတ်မြို့ နယ်သလိန်ပြင် ကျေးရွာ ဖာရီကွင်း ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာ ဆင်းသွယ်လတ် မျိုးသန့်စပါး စံပြကွက် စမ်းသပ်ကွက် တောင်သူ ဦးစိန်ကျော်တင်၏ လယ်မြေ၌ ကျင်းပ ခဲ့သည် အခမ်းအနားတွင် သံတွဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်က အဖွင့်အမှာ စကားပြောကြားပြီး သံတွဲခရိုင် စိုက်ပျိုးရေးဦး စီးဌာနခရိုင်ဦးစီးမှူး ဦးသော်ဇင်မောင်က လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ငန်စဉ်များအား ရှင်းလင်း ပြောကြားကာ တောင်ကုတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းသိန်းက အီးအမ်ဘိုကာရှီ သဘာဝဓာတ်မြေဩဇာပြုလုပ် သုံးစွဲခြင်း နည်းပညာ ဓာတ်မြေဩဇာနှင့် သဘာဝ မြေဩဇာရောနှောသုံးစွဲခြင်း ယူရီးယားလက်ခြားရွက်ဖြန်း မြေဩဇာသုံးစွဲခြင်းများနှင့် ကွင်းတွင် သရုပ်ပြ ရှင်းလင်းခဲ့ကြောင်း သိရသည်။