သတင်းများ

ကြာအင်းဆိပ်ကြီးမြို့၌ အခြေခံလူတန်းစားများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ မိုဘိုင်းစနစ်ဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိ
Sep 02,2021
ကရင်ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ပြည်နယ်အတွင်းရှိမြို့နယ်များရှိ အခြေခံလူတန်းစားများအား ကိုဗစ်ရောဂါ ဖြစ်ပွားနေမှု အခြေအနေအရ အဆင်ပြေစွာ စားသုံးနိုင်စေရေးအတွက် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန်ရည်ရွယ်ပြီး စီမံဆောင်ရွက်လျက်ရှိရာ ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့၌ ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ရပ်ကွက်များအတွင်းသို့ မော်တော်ယာဉ်ဖြင့် သွားရောက်ပြီး မိုဘိုင်းစနစ်ဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဝန်းသိုမြို့နယ် မင်းကုန်းကျေးရွာတွင် ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး
Sep 02,2021
 စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် မင်းကုန်းကျေးရွာတွင် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်သူပူးပေါင်းပါဝင်သည့်စနစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့်  ရွာတွင်းလမ်းများ ကွန်ကရစ် ခင်းခြင်းလုပ်ငန်းကို ၂၀၂၁ခုနှစ်၊ ဇူလိုင်လ ပထမအပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ အားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။ 
ထန်းတပင်မြို့နယ် လှိုင်မြစ်အတွင်းသို့ နှစ်လက်မအရွယ် ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ ခြောက်သိန်းငါးမျိုးစိုက်ထည့်
Sep 02,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝရေပြင်အတွင်း သို့ ငါးမျိုးများကို စိုက်ထည့်ပေးလျက်ရှိပြီး စက်တင်ဘာလ(၂)ရက်နေ့၊ နံနက်ပိုင်းက လှိုင်မြစ်အတွင်းသို့ နှစ်လက်မအရွယ် ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ ခြောက်သိန်းကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်းရှိ ယာယီပျံကျဈေးရောင်းချနေသည့်ဈေးသည်(၇၆)ဦးအား ကိုဗစ်-၁၉ ရောဂါပိုး RDT Test Kit ဖြင့် စစ်ဆေးရာ အမျိုးသမီး(၂)ဦးရောဂါပိုးတွေ့ရှိ
Sep 02,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ မင်းအာကာဘုရားဝိုင်း အတွင်းဖွင့်လှစ်ရောင်းချလျက်ရှိသော ယာယီပျံကျဈေးအား ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယာယီခေတ္တပိတ်ထားခဲ့ရာ စက်တင်ဘာ ၁ ရက်နေ့က ပြန်လည်ဖွင့် လှစ်ပေးခဲ့ပြီး ယနေ့ နံနက် ၈ နာရီအချိန်က ယာယီပျံကျဈေးရောင်းချနေသည့် ဈေးသည်(၇၆)ဦးအား ကိုဗစ်-၁၉ရောဂါပိုး RDT Test Kit ဖြင့် စစ်ဆေးရာ အမျိုး သမီး(၂)ဦး ရောဂါပိုးတွေ့ရှိခဲ့သည်။
နေပြည်တော်ကောင်စီသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်အသုံးပြုနိုင်ရန်အတွက် အလှူငွေများ လာရောက်လှူဒါန်း
Sep 02,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်အသုံးပြုနိုင်ရန်အတွက် အလှူငွေပေးအပ်လှူဒါန်းခြင်းကို  ယနေ့ နံနက်(၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံးဧည့်ခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ ဒုတိယမြို့ တော်ဝန် ဦးမောင်မောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့အတွက် အလှူငွေနှင့် ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူပစ္စည်းများ လာရောက်လှူဒါန်း
Sep 02,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသော ကြက်ခြေနီသူနာပြုတပ်ဖွဲ့အတွက် အလှူငွေနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပစ္စည်းများ၊ ကျန်းမာရေးသုံးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို စေတနာရှင် အလှူရှင်များက လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်နေသည့် လူမှုရေးအသင်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်
Sep 02,2021
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံ ပါဝင်ကူညီဆောင်ရွက်နေသည့် လူမှုရေးအသင်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် သဲကုန်းမြို့နယ်အတွင်းရှိ စပါးမျိုးစေ့သန့်စင်စက်ရုံနှင့် စပါးမျိုးစေ့ထုတ်စိုက်ကွင်းအားကြည့်ရှုစစ်ဆေးပြီး ပြည်သူ့ဆေးရုံနှင့် Volunteer များအတွက် အလှူငွေနှင့်ကာကွယ်ရေးပစ္စည်းများ လှူဒါန်း
Sep 02,2021
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က သဲကုန်းမြို့နယ် ပွဲပြည့်ခြံအတွင်းတည် ဆောက်ထားသည့် စပါးမျိုးစေ့သန့်စင် စက်ရုံနှင့် စပါးမျိုးစေ့ထုတ်စိုက်ကွင်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများအတွက် သဘာဝမြေသြဇာများ ထောက်ပံလှူဒါန်းခဲ့သည်။