ကျောက်ဆည်မြို့ မြို့တော်ခန်းမတွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Sep 04,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ မြို့တော်ခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့ဝင်များ ပူးပေါင်း၍ သံဃာတော် များ၊အသက်(၆၅)နှစ်အထက် အဘိုးအဘွားများ၊နိုင်ငံ့ဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့ဝင်များ ၊စက်ရုံအလုပ် ရုံများမှဝန်ထမ်းများ (၂၁၉)ဦးအား ယနေ့နံနက်ပိုင်းက ဒုတိယအကြိမ် ဆက်လက် ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။