ကျောက်ဆည် စက်တင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ မြို့တော်ခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့ဝင်များ ပူးပေါင်း၍ သံဃာတော် များ၊အသက်(၆၅)နှစ်အထက် အဘိုးအဘွားများ၊နိုင်ငံ့ဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့ဝင်များ ၊စက်ရုံအလုပ် ရုံများမှဝန်ထမ်းများ (၂၁၉)ဦးအား ယနေ့နံနက်ပိုင်းက ဒုတိယအကြိမ် ဆက်လက် ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေးရာတွင် ဒုတိယအကြိမ်အဖြစ် သံဃာ(၂၈၃)ပါး၊ အသက် (၆၅)နှစ် အထက် အဘိုးအဘွား(၁၁၇)ဦး၊ နိုင်ငံ့ဝန်ထမ်း(၄၇)ဦး၊ ကျန်းမာရေးဝန်ထမ်း (၁)ဦး၊ လူမှုရေး အသင်းအဖွဲ့ဝင်(၃၇)ဦး၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း(၂၃)ဦး၊ စက်ရုံအလုပ်ရုံ ဝန်ထမ်း(၄)ဦးနှင့် ဟိုတယ်၊မိုတယ်၊ တည်းခိုခန်းလုပ်ငန်း လုပ်ကိုင်သူ(၄)ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်နေသူ(၂၄)ဦး၊ Super Marketနှင့် ဈေးရောင်းချနေ သူ (၁၀၀)ဦး၊ စုစုပေါင်း(၆၄၀)ဦးအား ထိုးနှံပေးပြီးဖြစ်ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်း များကိုစုကြီးရပ်ကွက် မြို့တော်ခန်းမတွင် နံနက်(၉) နာရီခွဲမှ ညနေ(၃)နာရီအထိနေ့စဉ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရှိရသည်။
တင်တင်ထွေး