သတင်းများ

ဂန့်ဂေါမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) ထိုးနှံထားသူများကို ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေး
Sep 04,2021
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အမျိုးအစားထိုးနှံထားသူများကို ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီတွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစားကွင်း၌ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ မိုးစပါးသီးနှံဧက ၆၈၆၀၀ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်
Sep 04,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် မိုးစပါးသီးနှံ စိုက်ပျိုးခြင်းအား သတ်မှတ်လျာထားဧက ပြည့်မီရေးအတွက် ကြိုးပမ်းစိုက်ပျိုး လျက်ရှိရာ ယနေ့အထိ မိုးစပါးသီးနှံ ၆၈၆၀၀ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့် ထံက သိရသည်။
ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိအကြိမ် ဆက်လက်ထိုးနှံပေး
Sep 04,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့၌ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင် ပင်လည်ဘူးမြို့ အ-ထ-က ဦးအောင်မြတ်ခန်းမတွင် ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဒက္ခိဏသီရိမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ
Sep 04,2021
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီတွင် အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်း ဆေးထိုးစုရပ်၌ အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ/ အလုပ်ရုံဝန်ထမ်းများအား ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
သိန္နီမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံ
Sep 04,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများကို ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေးခြင်းကို သိန္နီမြို့နယ် သာသနာ့ဗိမာန်၌ ယနေ့နံနက်(၉) နာရီခန့်တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အောင်လံမြို့နယ်၌ အဋ္ဌမမြောက်နေ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)များ ဒုတိယအကြိမ် တိုက်နယ်အလိုက်ခွဲ၍ ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 04,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် အောင်လံမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုများတိုက်နယ်ခွဲ၍   အဋ္ဌမမြောက်နေ့အဖြစ် မြို့နယ်အတွင်းမှ ပထမအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေး(Sinopharm)ထိုးနှံပြီး သူများအား ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီက ကျန်းမာရေးဦးစီးဌာန ဝန်ထမ်း များမှထိုးနှံပေးခဲ့ကြောင်း သိရသည်။
လားရှိုးအကျဉ်းထောင်၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်
Sep 04,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး အကျဉ်းထောင်၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အကျဉ်း သား(၄၉၀)ဦးအား  ယမန်နေ့ကစတင်ကာ လားရှိုးမြို့ အကျဉ်းထောင်း၌ ထိုးနှံပေးလျက်ရှိသည်။