သတင်းများ

ရွှေကူမြို့နယ်၌ တည်ဆောက်နေသည့် ဆောက်ဆီဂျင်စက်ရုံမှ ဆောက်ဆီဂျင်များ စတင်ထုတ်လုပ်လုပ်၍ အောက်ဆီဂျင် လိုအပ်လျက်ရှိသော ပြည်သူများသို့ ဖြန့်ဝေပေးနိုင်
Sep 04,2021
ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ရွှေကူမြို့နယ်၌ တည်ဆောက်လျက်ရှိသည့် အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်များ စတင်ထုတ်လုပ်၍ မြို့နယ်အတွင်းရှိ အောက်ဆီဂျင်လိုအပ်လျက်ရှိသော ဒေသခံ ပြည်သူလူနာများထံသို့ ယမန်ရက်နေ့ စတင်ဖြန့်ဝေပေးနိုင်ပြီဖြစ်ကြောင်း အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး ကော်မတီထံမှ သိရှိရသည်။
ချောင်းဆုံတွင် စေတနာရှင် အလှူရှင်များလှူဒါန်းသည့် အောက်ဆီဂျင်စက် စတင် စမ်းသပ်လည်ပတ်နေမှုအား မွန်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ လာရောက်ကြည့်ရှု
Sep 04,2021
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ဆေရုံများနှင့်ပြည်သူများ အောက်ဆီဂျင် အလုံအလောက်ရရှိ နိုင်ရေးအတွက် စေတနာရှင်အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် ဝယ်ယူထားသည့် အောက်ဆီဂျင်ထုတ်စက် စတင်လည်ပတ်နေမှု အခြေအနေကို ယနေ့ နံနက်(၁၀)နာရီခန့်က မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦး၊ သယံဇာတရေးရာဝန်ကြီး ဦးအောင်ကြည်သိန်းနှင့် တာဝန်ရှိသူများမှ မြို့နယ်ပြည်သူ့ဆေးရုံ ဝင်းရှိ အောက်ဆီဂျင်ထုတ်စက်ရုံအား လာရောက်ကြည့်ရှု​ကြသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်'' လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့''လက်ကမ်းစာစောင်များဖြန့်ဝေ ဆောင်ရွက်
Sep 04,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ပန်းခင်း စီမံချက်ဖြင့် တိုင်းရင်း သား/ ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင် သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးလုပ်ငန်းလမ်းညွှန်လက်ကမ်းစာစောင်များကို ယနေ့ နံနက် (၁၁) နာရီအချိန်က အထက(၅)တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် “ပန်းခင်း” စီမံချက်ဖြင့် နိုင်ငံသားများအား ဥပဒေနှင့်အညီ ကိုင်ဆောင် သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေး လုပ်ငန်းလမ်းညွှန် လက်ကမ်းစာစောင်များအား ပြည်သူများထံအခမဲ့ဖြန့်ဝေ
Sep 04,2021
ရန်ကုန်အရှေ့ပိုင်းခရိုင် ၊ရန်ကင်း မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ထုတ်ဝေသည့် “ ပန်းခင်း ” စီမံချက်ဖြင့် တိုင်းရင်းသား/ ဥပဒေအရ နိုင်ငံ သားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေး နိုင်ရေး လုပ်ငန်းလမ်းညွှန်လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၁၀ နာရီအချိန်က အရိယာဓမ္မာရုံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ပြည်သူများ ထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြိုင်မြို့နယ်တွင် Mobile Test Kit စစ်ဆေးရေး မော်တော်ယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးပေး
Sep 04,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ရပ်ကွက်၊ ကျေးရွာများအရောက် Mobile Test Kit စစ်ဆေးရေး မော်တော်ယာဉ်ဖြင့် ယမန်ရက်နေ့က စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲသွားလာနေသူများအား စစ်ဆေး ကြပ်မတ်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Sep 04,2021
သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုလျော့ကျလာစေရန် အသိပေးနှိုးဆော်ခြင်းများနှင့် စစ်ဆေးကြပ်မတ်အရေးယူဆောင်ရွက်ခြင်းများကို နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီမှ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း လူအသွားအလာ များသည့် လမ်းဆုံများတွင်ပါးစပ်၊ နှာခေါင်းစည်းမတပ်ဆင်ဘဲ သွားလာ နေကြသည့် အိမ်ပြင် ထွက်သူများ၊ ခရီးသွားလာကြသူများအား စစ်ဆေးအရေးယူ ပညာပေးမှုများ ပြုလုပ် ခဲ့သည်။
ဖျာပုံမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်အထက် ဘိုးဘွား (၉၁၀)ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့
Sep 04,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်အထက် ဘိုးဘွား များအား လူမှုရေးပင်စင်အတွက် ဖျာပုံခရိုင်လူမှု ဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေများကို အိမ် တိုင် ရာရောက် လိုက်လံထောက်ပံ့ပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က မှစတင်ကာ ဖျာပုံမြို့နယ်ရပ်ကွက်/ကျေးရွာများသို့ လိုက်လံထောက်ပံ့ပေးအပ်ကြောင်း သိရှိရသည်။