လှိုင်သာယာ(အနောက်ပိုင်း) စက်တင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက် ရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၂ နှစ်အောက်ကလေး မိခင်များကို ခနောမိသာစုမှ အာဟာရ(၁၀)မျိုး လှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီက ရပ်ကွက်အုပ်ရေးမှူး၊ အဖွဲဝင်များနှင့်ပူးပေါင်း၍ ရပ်ကွက်အတွင်း ဖြန့်ဝေးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အာဟာရ(၁၀)မျိုးလှူဒါန်းပေးအပ်ရာတွင် ခနောမိသားစုမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်အညီ လှူဒါန်းပေးအပ်ခဲ့ကြသည်။
ခနောမိသားစုမှ ကိုယ်ဝန်ဆောင်မိခင်နှင့် ၂ နှစ်အောက်ကလေးမိခင်များကို ဆန်၊ ဆီ၊ ကြာဇံ၊ ကြက်သွန်၊ ခနောကြက်သားမှုန့်၊ ခနောချဉ်ပြုံးပြုံးမန်းကျည်းအရသာမှုန့်၊ ခနောရသာထူး ဘက်စုံသုံးဟင်းခတ်ရည်၊ ခနောဆန်ပြုတ်ဘူး၊ ကြက်ဥ(၁၀)လုံး၊ ကုလားပဲခြမ်းတို့ကို ထောက်ပံ့လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
အခုလို ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေတဲ့ကာလမှာ ကိုယ်ဝန်ဆောင်မိခင်နှင့် ၂ နှစ်အောက်ကလေး မိခင်များအား အဟာရဓာတ်များ အဖြည့်အစွက်ရရှိစေနိုင်ရန်အတွက် ရည်ရွယ်ကာ မိမိတို့တတ်နိုင်တဲ့ အဟာရဖြစ်မည့်ပစ္စည်းများကို တတ်နိုင်သလောက် လှူဒါန်းထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ခနော မိသားစုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ဝေလွင်ကျော်(ပြန်/ဆက်)