သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ရွှေတောင်ဦး တိပိဋကဓမ္မပါရ မဟာဝိဟာရကျောင်းနှင့် ရွှေတောင်ဦးလယ်တီ ဝိပဿနာဓမ္မရိပ်သာကျောင်းတို့အား ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆန်စိမ်းများ ဆက်ကပ်လှူဒါန်း
Sep 08,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦး တိပိဋကဓမ္မပါရ မဟာဝိဟာရကျောင်းနှင့် ရွှေတောင်ဦးလယ်တီဝိပဿနာ ဓမ္မရိပ်သာကျောင်းတို့အား သီတင်းသုံးတော် မူကြသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့အား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆန်စိမ်းများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို စက်တင်ဘာလ (၇)ရက်၊ နံနက်ပိုင်းတွင် ရွှေတောင်ဦးတိပိဋက ဓမ္မပါရမဟာဝိဟာရကျောင်းတိုက်ရှိ ဝိနယဓမ္မာရုံတော်တွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
လားရှိုးမြို့တွင် ‘လူမှုဘ၀ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့’ ပန်းခင်းစီမံချက်ဆိုင်းဘုတ်စိုက်ထူ
Sep 08,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ‘လူမှုဘ၀ပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့’ ပန်းခင်းစီမံချက် ဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့က လားရှိုးမြို့၊ မြို့တော်ခန်းမရှေ့တွင် ပြုလုပ်ခဲ့သည်။
ရွှေကူမြို့တွင်   မိုးစပါး ဆင်းဧကရီ -၃( RS to CS) မျိုးသန့်ထုတ် စံပြစိုက်ခင်း၌ မြေသြဇာကျွေး ပညာပေး ကွင်းသရုပ်ပြပွဲနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များထောက်ပံ့ပေးအပ်
Sep 08,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်တွင် ဘက်စုံအဆင့်မြှင့်နည်းပညာသုံးစံပြကျေးရွာ မိုးစပါးဆင်းဧကရီ-၃( RS to CS) မျိုးသန့်ထုတ် စံပြစိုက်ခင်း၌ ဓာတ်မြေသြဇာကို အကျိုးရှိစွာ သုံးစွဲရေး ပညာပေး ကွင်းသရုပ်ပြပွဲနှင့်  ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်မှုလျာ့ကျပြီး ဟင်းသီးဟင်းရွက်စားသုံးမှု ထိခိုက်မှု မရှိစေရန် ရည်ရွယ်၍  ဟင်းသီးဟင်း ရွက်မျိုးစေ့ထုတ်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက မံဝိန်းကျေးရွာ ကွင်းအမှတ်(၂၈-က) ဦးပိုင်(၃၄)တောင်သူ  ဦးစိန်လွင်၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဗန်းမော်မြို့တွင် “ပန်းခင်း’’ စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ ကွင်းဆင်း ဆောင်ရွက်ပေး
Sep 08,2021
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့တွင် နိုင်ငံသားအရည်အချင်း ပြည်မီသူတိုင်း ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုးရရှိနိုင်ရေး ရည်ရွယ်၍ “ပန်းခင်း’’ စီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ အခမဲ့ဆောင်ရွက်ပေးခြင်းကို စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီကစ၍ ဆင်ကုန်းရပ်ကွက် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ
တာမွေမြို့နယ်အတွင်းရှိ စက်ရုံ/အလုပ်ရုံများနှင့် စျေးဝယ်စင်တာများမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက်ရှိ
Sep 08,2021
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်စေရန်နှင့် ရောဂါကြောင့် သေဆုံးမှုကို လျှော့ချနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ စက်ရုံ/ အလုပ်ရုံများနှင့် စျေးဝယ် စင်တာများမှ ဝန်ထမ်းများအား Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို တာမွေမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စတင် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ကျောက်ဖြူခရိုင်အတွင်းရှိ ဆေးရုံများသို့ Kyaukphyu Electric Power Company Limited မှ  ဒုတိယအကြိမ် အောက်ဆီဂျင်အိုးနှင့်ကျန်းမာရေးအထောက်အကူပြုပစ္စည်းများပေးအပ်လှူဒါန်း
Sep 08,2021
ကျောက်ဖြူခရိုင်အတွင်းရှိ ပြည်သူ့ဆေးရုံများသို့ ကိုဗစ်-၁၉ ကာကွယ်၊ ကုသရေးလုပ်ငန်းများတွင် သုံးပြုရန် Kyaukphyu Electric Power Company Limited မှ အောက်ဆီဂျင်အိုးများနှင့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို  ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့၊ မွန်းတည့် ၁၂ နာရီအချိန်ကပြုလုပ်ခဲ့သည်။
ကျောက်ကြီးမြို့နယ်ရွာကြီးအင်းကျေးရွာ၌ မြစိမ်းရောင်ရန်ပုံငွေ သိန်း(၈၀၀)ကျော် ချေးငွေအား (၁၄)ကြိမ်မြောက် ထုတ်ချေး
Sep 08,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ရွာကြီးအင်းကျေးရွာ မူလတန်းလွန် ကျောင်း ဟောခန်းမ၌ စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီက ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာ မြို့နယ်ရုံး ဦးစီးမှူးနှင့် ဌာနဝန်းထမ်းများက ရွာကြီးအင်းကျေးရွာ ဒေသခံပြည်သူများအား မြစိမ်းရောင်ရန်ပုံငွေ သိန်း(၈၀၀) ကျော်
ကော့မှူးတွင်  ဆန်၊ဆီ၊ကြက်ဥများဈေးနှုန်း သက်သာစွာဖြင့် လာရောက်ရောင်းချပေး
Sep 08,2021
 ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူ များအမှန်တကယ်လိုအပ်သော အခြေခံစား သောက်ကုန်များအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန် မှုမြန်မာနိုင်ငံဆန်စပါး ကုန်သည်များ အသင်း၏စီစဉ်မှုဖြင့် ယနေ့ နံနက်၉နာရီက ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မြို့သစ် ရပ်ကွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနရုံးရှေ့ တွင် ဒေသခံပြည်သူများအား ဆန်၊ဆီနှင့် ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့်လာ‌ ရောက်ရောင်းချပေးနေကြောင်း သိရသည်။