မိုးနဲ စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း အသိပညာပေး လုပ်ငန်းများကို ပြည်သူများ Online မှတစ်ဆင့် အလွယ်တကူကြည့်ရှုနိုင်စေရန်၊ ကျောင်းသားသူငယ်များ စာပေဗဟုသုတ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ Online အသိပညာပေးအစီအစဉ်များကို ရိုက်ကူး ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း စာသင်းကျောင်းများယာယီ ပိတ်ထား ရသောကြောင့် မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများ ဉာဏ်ရည်၊ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်လာစေရန် ၊ကိုယ်ရည်ကိုယ်သွေး ထက်မြက်လာစေရန်၊ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း ၊စက္ကူခေါက်ခြင်း စသည် တို့ကို လည်းကောင်း ၊စာဖတ် ပရိတ်သတ်များ အတွက် သုတ/ရသ စာအုပ်များဖြင့် စာအုပ်မိတ် ဆက်ခြင်းကိုလည်းကောင်း စသည့် အသိပညာပေး အစီအစဉ် များကို ရိုက်ကူး၍ မိုးနဲမြို့နယ် ပြည်သူ့စာကြည့်တိုက် Page မှတစ်ဆင့် ထုတ်လွှင့် ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ရုံးစာကြည့်တိုက်မှ နေ့စဉ်ည ၇ နာရီအချိန်တွင် ကျန်းမာရေးဝန်ကြီး ဌာနမှထုတ်ပြန်ထားသော ပြည်သူများလိုက်နာရမည့်စည်းကမ်းများကို အသံချဲ့စက်အသုံးပြု၍ ရှမ်း/မြန်မာ နှစ်ဘာသာဖြင့် အသိပေးခြင်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)