ရေဦးမြို့တွင် တစ်ပိုင်တစ်နိုင် ဖယောင်းတိုင်ပြုလုပ်နည်းသင်တန်း ဖွင့်လှစ်

ရေဦး အောက်တိုဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီကဖယောင်းတိုင်ပြုလုပ်နည်းသင်တန်း ဖွင့်လှစ်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူ ၂၀ ဦး တက်ရောက်ခဲ့ကြသည်။

သင်တန်းတွင် သင်တန်းနည်းပြဆရာမ ဒေါ်သဲသဲအိက ဖယောင်းတိုင်မပြုလုပ်မီ ကြိုင်တင်၀ယ်ယူထားရမည့် ကုန်ကြမ်းပစ္စည်းများကို ရှင်းလင်းပြာကြားခဲ့ပြီး ဖယောင်းလှီးနည်းနှင့် အရည်ကျိုနည်း၊ ဖယောင်းကာလာစပ်နည်း၊ မီးဇာထည့်နည်းတို့ကို ဒီဇိုင်းပုံစံအမျိူမျိုးဖြင့် လက်တွေ့ပြုလုပ် သင်ကြားပေးခဲ့သည်။

သင်တန်းကာလမှာ ၂ ရက် သင်တန်းဖြစ်ပြီး မိသားစုတစ်ပိုင်တစ်နိုင် ပြုလုပ်နိုင်စေရန် ရည်ရွယ်၍ သင်ကြားပးခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

သန်းသန်း