ညောင်ဦးမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ၁၄ ရက်မြောက်နေ့ကောက်ယူ

ညောင်ဦး  အောက်တိုဘာ  ၁၄

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို ယနေ့နံနက် ၇ နာရီမှစ၍ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့ နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များမှ ၁၄ ရက်မြောက်နေ့အဖြစ် ကောက်ယူလျက်ရှိကြောင်း သိရသည်။

ညောင်ဦးမြို့နယ်တွင် ရပ်ကွက်ပေါင်း(၁၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၇၅)အုပ်စုတွင် သန်းခေါင်စာရင်းကောက်ကွက် (၅၇၃)ကွက်ရှိပြီး  စာရင်းစစ်၊ စာရင်းစစ်ကောက်အဖွဲ့ (၄၁) ဖွဲ့ဖြင့် သန်းခေါင်စာရင်းကောက်ယူလျက်ရှိရာ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ပြီး စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များမှ မိမိတာဝန်ကျရာ စာရင်းကောက်ကွက်အတွင်း အိမ်တိုင်ရာရောက် Mobile Tablet များ  အသုံးပြု၍ သန်းခေါင်စာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေး တပ်ဖွဲ့များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက သက်ဆိုင်ရာကဏ္ဍအလိုက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ဒီပါလင်း