သတင်းများ

ကျိုင်းတုံမြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ကျေးရွာစာကြည့်တိုက်ဆောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Oct 09,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် နိုင်ငံတော်မတည်ငွေဖြင့် ဆောက်လုပ်လျက်ရှိသည့် ကျေးရွာစာကြည့်တိုက်များ စံချိန်စံညွှန်းပြည့်မီ၍ သတ်မှတ်ကာလအတွင်း ဆောက်လုပ်ပြီးစီးနိုင်ရေး ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် ၈ နာရီခွဲက စာကြည့်တိုက်ဆောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
တောင်ငူ၌ သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၆၃) ကြိမ်မြောက် သံဃာ့မဟာပဝါရဏာပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Oct 09,2024
တောင်ငူမြို့ကျက်သရေဆောင် သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၆၃) ကြိမ်မြောက် သံဃာ့မဟာပဝါရဏာပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယမန်နေ့နံနက်ပိုင်းက ရွှေဆံတော်စေတီတော်မြတ်ကြီး ဂေါပကရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
တန့်ယန်းမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေးဟောပြောပွဲ ကျင်းပ
Oct 09,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ ကြီးမှူး၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ် (၆) ရပ်ကွက်၌ ကျင်းပခဲ့သည်။
ကျိုက်လတ်၌ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနေမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Oct 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ဆက်လက်ကောက်ယူနေမှုအား တာဝန်ရှိသူများ ယမန်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်အတွင်း ရာဂီမုန်တိုင်း အရှိန်ကြောင့် ရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးသွားခဲ့သော မိုးစပါးစိုက်ခင်းများ ပြန်လည်စိုက်ပျိုးနိုင်ရေး ပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်
Oct 09,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်း စက်တင်ဘာလက ရာဂီမုန်တိုင်း အရှိန်ကြောင့် ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးသွားခဲ့သော မိုးစပါးစိုက်ခင်းများ ပြန်လည်စိုက်ပျိုးနိုင်ရေး သွင်းအားစုများထည့်သွင်းခြင်းနှင့် ထိခိုက်စပါးခင်းများ ပြန်လည်ကုစားနိုင်ရန်အတွက် ပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းကို  ယမန်နေ့နံနက်ပိုင်းက အေးမြင့်သာယာကျေးရွာ ကွင်းအမှတ်(၁၆၂၄) တွင် ကျင်းပခဲ့သည်။
ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့နယ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနေမှု ကြည့်ရှုအားပေး
Oct 09,2024
ကယားပြည်နယ်အတွင်း လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်းမြို့နယ် (၅) မြို့နယ်တွင် ရပ်ကွက် (၃၆) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉) အုပ်စုတွင်  အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပြီး လွိုင်ကော်မြို့နယ်တွင် ရပ်ကွက် (၃၁) ရပ်ကွက်၊ ကျေးရွာအုပ်စု(၅)စု၌ ကောက်ကွက်ပေါင်း (၂၉၉) ကွက်အား စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက နေ့စဉ်ကောက်ယူလျက်ရှိသည်။    
တာလေမြို့၊ ဗေတလရွာဟောင်း၌ မွမ်းမံစက်ချုပ်သင်တန်းဆင်းပွဲနှင့် ထူးချွန်သင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများ‌ ပေးအပ်ပွဲအခမ်းအနား ကျင်းပ
Oct 09,2024
တာချီလိတ်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ MSMES အခြေခံကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်များ တတ်မြောက်စေရန်နှင့် ကျေးရွာစီးပွားရေးမြင့်မားစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော မွမ်းမံစက်ချုပ်သင်တန်းဆင်းပွဲနှင့် ထူးချွန်သင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများ‌ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တာလေမြို့၊ ဗေတလရွာဟောင်း၊ ဗိုလ်လုံကျရှော အောက်မေ့ဘွယ်ခန်းမ၌ ကျင်းပသည်။
ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ပြည်နယ်အတွင်း ကံပိုင်တည်နယ်စပ်ဂိတ်မှတစ်ဆင့် စက်သုံးဆီသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းများ ဈေးနှုန်းတည်ငြိမ်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေး
Oct 09,2024
ကချင်ပြည်နယ်အတွင်း စက်သုံးဆီသိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ အဆင်ပြေချောမွေ့စေရေး၊ စက်သုံးဆီဈေးနှုန်းတည်ငြိမ်ရေးအတွက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ်စက်သုံးဆီသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ၊ SME အသင်းမှ တာဝန်ရှိသူများနှင့် ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြသည်။