ကျောက်တံခါး အောက်တိုဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၁၀) နာရီက အခြေခံပညာမူလတန်း(မူလွန်)(ဂနက်)ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ တာဝန်ခံဆရာမ ဒေါ်ယွန်းမီမီအောင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းစိုးက စာဖတ်ရှိန်မြင့်မာရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာဖတ်ခြင်း၏အကျိုးကျေးဇူးများနှင့် စာဖတ်ရန်အတွက် အချိန်ပေးရန်အကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်အဖြစ် ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းစိုးနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား စက္ကူပြဇတ်၊ ရုပ်ပုံပါပုံပြင်စာအုပ်ဖြင့် ပုံပြင်ပြောခြင်း၊ စာဖတ်ခြင်းများကို ဆောင်ရွက်ပြီး ကလေးအလုပ်ငမားပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ် စသည့် အသိပညာပေးနံရံကပ်စာစောင်ပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)