ဟိုပုံး အောက်တိုဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်၌ နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများရေးဆွဲအကောင်အထည်ဖော်ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကိုရရှိရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုများကို အောက်တိုဘာလ (၁) ရက်နေ့မှစ၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် စာရင်းစစ်၊ စာရင်းကောက်များ၊ စေတနာ့ဝန်ထမ်းများက ကွင်းဆင်းကောက်ယူလျက်ရှိသည်။
ဟိုပုံးမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ကွက် (၂၁၆) ကွက်၊ ဆီဆိုင်မြို့နယ်၌ ကောက်ကွက် (၁၅၉) ကွက်နှင့် ပင်လောင်းမြို့နယ်၌ ကောက်ကွက် (၄၁၂) ကွက်တို့တွင် စာရင်းစစ်၊ စာရင်းကောက်နှင့် စေတနာ့ဝန်ထမ်းများက လူဦးရေနှင့် အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာရရှိရေးအတွက် ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်အကြောင်းအရာများကို အချက် (၆၈) ချက်ပါ မေးမြန်းချက်များဖြင့်လည်းကောင်း၊ အဖွဲ့အစည်းများကို အချက် (၁၈) ချက်ပါ မေးမြန်းချက်များဖြင့်လည်းကောင်း၊ CAPI နည်းပညာဖြင့် Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်း လိုက်လံကောက်ယူ ဆောင်ရွက်လျက်ရှိသည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ (၁) ရက်နေ့မှစတင်၍ ကောက်ယူလျက်ရှိရာ အောက်တိုဘာလ (၇) ရက်နေ့အထိ အိမ်ထောင်စု (၃၆၈၀၁) စု၊ လူဦးရေ (၁၄၆၉၄၅) ဦး ကောက်ယူးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)