သတင်းများ

မိုင်းကိုင်မြို့နယ် ပြည်သူ့ဆေးရုံတွင် အထူးကုဆရာဝန်ကြီးများက အခမဲ့ နယ်လှည့်ဆေးကုသမှု ကွင်းဆင်းဆောင်ရွက်
Oct 08,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း မြို့ပြနှင့်ကျေးလက်နေပြည်သူများအားလုံး ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရည်အသွေးပြည့်မီစွာ ရရှိစေရန်၊ ဆေးရုံအခြေပြုကုသရေးလုပ်ငန်းနှင့် ပြည်သူလူထုအတွင်း ကွင်းဆင်းကုသမှုလုပ်ငန်းများဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ လွိုင်လင်မြို့ အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ခင် မို့မို့ဦးဆောင်သော  အထူးကုဆရာဝန်ကြီးများနှင့်အဖွဲ့သည် ယမန်နေ့မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ မိုင်းကိုင်မြို့နယ် ပြည်သူ့ဆေးရုံ၌ အခမဲ့ နယ်လှည့်ကွင်းဆင်းကုသမှုများ  ဆောင်ရွက်ခဲ့သည်။
ပြင်ဦးလွင်ခရိုင်၌ အခြေခံလျှပ်စစ်သွယ်တန်းမှုနည်းပညာသင်တန်းဆင်းပွဲ ကျင်းပ 
Oct 08,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် မိသားစုဝင်ငွေတိုးပွားစေပြီး တစ်နိုင်တစ်ပိုင်လုပ်ငန်းများမှတစ်ဆင့် MSME လုပ်ငန်းများအထိ ချဲ့ထွင်နိုင်ပြီး နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက် အကူပြုစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အခြေခံလျှပ်စစ်သွယ်တန်းမှုနည်းပညာသင်တန်းဆင်းပွဲကို ယမန်နေ့နံနက်ပိုင်းက ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိ သူများနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတတိုးပွားရရှိစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့် စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Oct 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာပေမှတဆင့် အသိပညာ၊ ဗဟုသုတ တိုးပွားရရှိစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးရည်ရွယ်၍  နယ်လှည့် စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက သခင်ဘသောင်းရပ်ကွက်ရှိအမှတ်(၁၄)အခြေခံပညာမူလတန်းလွန် ကျောင်းတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှဆောင်ရွက်ခဲ့သည်။
လိပ်သိုမြို့တွင် ဒေသထွက်ကွမ်းသီးခြောက်များ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Oct 08,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို​ဒေသရှိ ဒေသနေပြည်သူများမှာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ကွမ်းသီးပင်စိုက်ပျိုးသည့် လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ဒေသထွက်ကွမ်းသီးအခြောက်များ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်အတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် စပါးစိုက်ခင်းရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးသည့် တောင်သူများအား မျိုးစပါးများ ထောက်ပံ့ပေးအပ်
Oct 08,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်း စက်တင်ဘာလက ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးသွားခဲ့သော မိုးစပါးစိုက်ခင်းများ ပြန်လည်စိုက်ပျိုးနိုင်ရေး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထောက်ပံ့လှူဒါန်းသော မျိုးစပါးများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Oct 08,2024
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများ လိုက်ပါ၍ ယမန်နေ့ နေ့လယ်ပိုင်းက ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် စားသောက်ကုန်ပစ္စည်းများအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်
Oct 08,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စားသောက်ကုန်ပစ္စည်းများအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်း ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်ခဲ့ကြသည်။
ပေါင်းတည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူရေးရာဆိုင်ရာ အသိပညာပေးဟောပြော
Oct 08,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က သပြေကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူလေးများအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာနကစားသုံးသူများသိရှိရမည့် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့​သည်။