ပေါင်းတည် အောက်တိုဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က သပြေကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူလေးများအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာနကစားသုံးသူများသိရှိရမည့် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စားသုံးရန်မသင့်သည့် မုန့်ပဲသရေစာနှင့် အချိုရည်ဗူးများအကြောင်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ တာဝန်ခံအရာရှိ ဦးနိုင်ဝင်းသိန်းနှင့် ဝန်ထမ်းများက မုန့်ထုပ်များ၊ အချိုရည်ဗူးများကို နမူနာပြသကာ အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။ ထိုအစားအသောက်များမှ ရရှိမည့်ဆိုးကျိုးများကို အကျယ်တဝံ့ဟောပြောခဲ့ပြီးနောက် ဟောပြောချက်အပေါ် ကျောင်းသား၊ ကျောင်းသူများ၏ သိရှိနားလည်မှုကို မေးမြန်းစမ်းစစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများက ကောင်းစွာသိရှိခဲ့ပြီး ဖြေဆိုနိုင်ခဲ့ကြကြောင်း သိရသည်။
ရွှေသား (ပြန်/ဆက်)