ကျိုက်ထို အောက်တိုဘာ ၈
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စားသောက်ကုန်ပစ္စည်းများအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ၀န်ထမ်းများနှင့် ပူးပေါင်းအဖွဲ့သည် ကျိုက်ထိုမြို့နယ်အတွင်း၌ စားသောက်ကုန်ပစ္စည်းများ ရောင်းချလျက်ရှိသော ဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ကုန်ညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ၊ ဘေးအန္တရာယ်ဖြစ်နိုင်ချေ ရှိ/မရှိ၊ ကုန်ညွှန်းအမှတ်အသားမပြည့်စုံမှုနှင့် ကြိုတင်သတိပေးထားခြင်းမရှိသော ကုန်စည်များအား ရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ပါသည်။
ထိုသို့ စျေးကွက်ကွင်းဆင်းသွားရောက်စစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းနှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ဝင်းမောင်(ကျိုက်ထို)