ရန်ကုန်မြို့မှ မရှိခဏဆရာတော်ကြီးမှ ကလောမြို့ ရေဘေးသင့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

ကလော အောက်တိုဘာ ၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့လမ်းဦးစီးဌာန ရိပ်သာ၌ ယမန်နေ့နံနက် ၉ နာရီက ရန်ကုန်မြို့မရှိခဏဆရာတော်ကြီးမှ ကလောမြို့ရေဘေးသင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ရန်ကုန်မြို့ မရှိခဏဆရာတော်ဦးဆောင်၍ ကလောတပ်နယ်မှူး ဗိုလ်မှူးချုပ် ကျော်ကျော်ဟန်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည့်ဖြိုးငြိမ်းနှင့် အဖွဲ့ဝင်များက ကလောမြို့ရေဘေးသင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ဆန် ၆ ပြည်အိတ် ၁၈၈၆ အိတ်၊ ဆီ ၅၀ ကျပ်သားဘူး ၁၁၇၆ ဘူး၊ ရေသန့် ၆ ဘူးပါ ၆၀၀ ကဒ်၊ ခေါက်ဆွဲခြောက် ၉၀ ဖာ၊ ဆားအထုပ်ကြီး ၄၀ ထုပ်၊ ချိုချဉ် ၄၅ ဖာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)