အုတ်တွင်း အောက်တိုဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ထန်းကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်းမှ ရေဘေးသင့်ပြည်သူများအား အထူးကုဆရာဝန်ကြီးများက ယနေ့နံနက်ပိုင်းက နယ်လှည့်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါထန်းကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်းသို့ ပဲခူးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟ၊ တောင်ငူဆေးရုံအုပ်ကြီး၊ မြို့နယ်ပြည်သူ့ဆေးရုံမှ ဆရာဝန်ကြီးများက ဦးဆောင်သော အထူးကုဆရာဝန်ကြီးများအပါအဝင် ကျန်းမာရေး ဝန်ထမ်းများမှ ထန်းကုန်းဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ရေဘေးသင့်ပြည်သူ (၆၄) ဦးအား သာယာဝတီဆေးရုံကြီးမှ သမားတော် ဒေါက်တာချမ်းမြေ့အောင်နှင့် ဆေးအဖွဲ့များက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ပါကြောင်းနှင့် နယ်လှည့်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ရာတွင်ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ရေဘေးကယ်ဆယ်ရေးစခန်းကြီးကြပ်အဖွဲ့များမှ လိုအပ်သည်များကို လိုက်လံကူညီဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှူးထံမှ သိရသည်။
ခင်မာ(ပြန်/ဆက်)