လှည်းကူးမြို့တွင် (၇၆)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

လှည်းကူး နိုဝင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့တွင် (၇၆)ကြိမ်မြောက် တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓပူဇနိယပွဲတော်ကို ယမန်နေ့ ညနေ(၃)နာရီအချိန်မှစတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

လှည်းကူးမြို့တွင် တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓပူဇနိယ ပွဲတော်ကျင်းပလာခဲ့သည်မှာ ယခုနှစ်ဆိုလျင် (၇၆)ကြိမ်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ နှစ်စဉ်နှစ်တိုင်း နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓမြတ်စွာဘုရားများ မြို့တွင်းသို့ ဒေသစာရီကြွချီအပူဇော်မခံမီ ဘုရားဂေါပကအဖွဲ့ဝင်များနှင့် ဝေယျဝစ္စအဖွဲ့ဝင်များမှ ငါးပါးသီလခံယူခြင်းများပြုလုပ်၍ မြို့တွင်းသို့ (၃)ရက်တိုင်တိုင် လှည့်လည်အပူဇော်ခံသည်။

နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓပူဇနိယပွဲတော်အား တန်ဆောင်မုန်းလပြည့်ကျော်(၁)ရက်နေ့တွင် လှည်းကူးမြို့ ရန်ကုန်-ပဲခူးလမ်းတစ်လျှောက် ကြွချီအပူဇော်ခံပြီး၊ လပြည့်ကျော်(၂)ရက်နေ့တွင် လှည်းကူး-ဇရပ်ကွင်း-ဆားတလင်း-ဒါးပိန်အထိ၊ လပြည့်ကျော်(၃)ရက်နေ့တွင် လှည်းကူး-ဖောင်ကြီး-မင်းကုန်းအထိ ကြွရောက်အပူဇော်ခံမည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)