ရပ်စောက် အောက်တိုဘာ ၂၇
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းအဖြစ် အဆိုပြုဝင်ရောက်ယှဉ်ပြိုင် လျက်ရှိသည့် ရပ်စောက်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(အုန်းကွဲ)ကျောင်းအား ယမန်နေ့ နံနက် ၁၀ နာရီက ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးဆုစိစစ်ရွေးချယ်ရေးအဖွဲ့မှ သက်မှတ်အရည်အချင်းနှင့် ကိုက်ညီမှု ရှိ/မရှိ ဒုတိယအကြိမ် ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် အခြေခံပညာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပါဝင်သည့် ကော်မတီဝင်များက ဆုရွေးချယ်နိုင်ရေးအတွက် အခြေခံပညာအထက်တန်းကျောင်းခွဲ(အုန်းကွဲ)ရှိ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံပြီး သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းများ Clean and Green Schools Award ဆုချီးမြှင့်လျှောက်ထားရာတွင် အခြေခံစံနှုန်းများ၊ အညွှန်းကိန်းများနှင့်အညီ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းအကဲဖြတ်စစ်ဆေးခဲ့ကြရာ ကျောင်းအုပ် ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင်များက မိမိတို့ကျောင်းတွင် ဆောင်ရွက်ထားရှိမှုအခြေအနေများအား လိုက်လံပြသခဲ့ကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်