သာယာဝတီ၌ လူငယ်ကင်းထောက်မောင်မယ်များအား ကြိုဆိုပွဲအခမ်းအနားကျင်းပ

သာယာဝတီ မေ ၂၇

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဥ်ဖြင့် ပဲခူးတိုင်း (အရှေ့+အနောက်) မှ ကျောင်းသား၊ ကျောင်းသူ (၇၃) ဦးပါဝင်သည့် လူငယ်ကင်းထောက်လေ့လာရေးအဖွဲ့သည် အုပ်ချုပ်ကြီးကြပ်သူ ဆရာ၊ ဆရာမ လိုက်ပါ၍ ယနေ့နံနက် ၁၀ နာရီခွဲက သာယာဝတီမြို့နယ် ဆရာစံခန်းမ၌ ပဲခူးအရှေ့ပိုင်း+အနောက်ပိုင်းမှ လူငယ်များတွေ့ဆုံခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများက လှိုက်လှဲစွာကြိုဆိုခဲ့ကြသည်။

အဆိုပါ ပဲခူးတိုင်း (အရှေ့ပိုင်းမှ လူငယ်ကင်းထောက်လေ့လာရေးအဖွဲ့ (၇၃) ဦးနှင့် ကြီးကြပ်သူ ဆရာ/ ဆရာမများ၊ ပဲခူးအနောက်လူငယ်ကင်းထောက်လေ့လာရေးအဖွဲ့မှ (၆၀) ဦးနှင့် ကြီးကြပ်သူ ဆရာ/ ဆရာမများက သာယာဝတီမြို့ ဆရာစံခန်းမ၌ တွေ့ဆုံမိတ်ဆက်ကြကာ နေ့လယ်စာဖြင့် တည်းခင်းဧည့်ခံကျွေးမွေးခဲ့သည်။

ထို့နောက် လူငယ်ကင်းထောက်လေ့လာရေးအဖွဲ့နှင့် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အမှတ်တရ စုပေါင်းမှတ်တမ်းတင်ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

သန့်ဇော် (သာယာဝတီ)