ထားဝယ်မြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

ထားဝယ် မေ ၂၇

တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့နယ်ပိန္နဲတောရပ်ကွက်ရှိ ဒေသခံပြည်သူများအား မှုခင်းကျဆင်းရေး အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ရွာလယ်ဓမ္မာရုံကြီး၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ထားဝယ်မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး အောင်ဆန်းထွန်းက  မှုခင်းကျဆင်းရေးနှင့် ဆက်စပ်မှုခင်းများ လျော့နည်းကျဆင်းရေး ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ပြစ်မှု/ပြစ်ဒဏ်များအကြောင်းနှင့် ရဲတပ်ဖွဲ့ဆောင်ရွက်ရမည့် အစီအမံများကို ဆွေးနွေးဟောပြောသည်။

ထို့နောက် ထားဝယ်မြို့မရဲစခန်း ခေတ္တစခန်းမှူး ဒုရဲမှူး အောင်နိုင်မိုးမှ မူးယစ်ဆေးဝါးမှု၊ လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ဖောက်ထွင်းမှုများနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရန်အကြောင်းများကို ရပ်ကွက်နေ ပြည်သူများအား အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရသည်။

ငွေဇင်ယော်(ထားဝယ်)