ငဖဲမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြပြီး ပြန်လည်ရောက်ရှိသူများအား ကြိုဆိုဂုဏ်ပြုပွဲ ကျင်းပ

ငဖဲ မေ ၂၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးစီး၍ ပြန်လည်ရောက်ရှိလာသူများအား  ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို စွန့်လွှတ်စွန့်စားသည့်စိတ်ဓာတ်ဖြင့် ပြည်သူ့စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၁)မှ ၁၀ ဦးနှင့် အမှတ်စဉ် (၂)မှ ၁ ဦးတို့အား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်လင်း၊ ငဖဲမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများက ပန်းကုံးများ၊ အောင်သပြေခက်များဖြင့် ကြိုဆိုကြသည်။

ဆက်လက်၍ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်လင်းက အဖွင့်အမှာစကား ပြောကြားပြီး ငဖဲမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးက မိမိရပ်ရွာဒေသလုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အမှာစကားပြောကြားသည်။

ထို့နောက် တက်ရောက်လာသော ပြည်သူ့စစ်မှုထမ်းတာဝန် ထမ်းဆောင်ပြီးစီးသူများကိုယ်စား အမှတ်စဉ်(၁)မှ မောင်မျိုးမင်းပိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်လင်းက၊ ငဖဲမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့် တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ရာ ပြည်သူ့စစ်မှုထမ်းသူ ၁၁ ဦးက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)