သတင်းများ

တာမွေမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Nov 28,2021
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအား အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်းကို သိရှိနားလည်ပြီး မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာနမှထုတ်ဝေသည့် " (၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ " အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များအား မြို့နယ် အတွင်းရှိ ကားမှတ်တိုင်များ၊ စျေးများ၊ ဘူတာများ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ၊ လမ်းဆုံလမ်းခွနေရာများ အပါအဝင် လူစည်ကားရာနေရာတို့တွင် ပြည်သူများထံ လက်ဝယ် အရောက် လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၂၅)မြို့နယ် အသက်(၂၀)နှစ်အောက် အခြေခံအထိ(၆)ချက်(ကျား/မ) ခြင်းလုံးပြိုင်ပွဲ နှင့်(၄)ပေါက်တန်း အမျိုးသားခြင်းလုံးခတ်ပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနား တက်ရောက်ဆုချီးမြှင့်
Nov 28,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၂၀)နှစ်အောက် အခြေခံအထိ (၆)ချက် ကျား/မ ခြင်းလုံးပြိုင်ပွဲနှင့် (၄)ပေါက်တန်းအမျိုးသား ဝိုင်းဖွဲ့ခြင်းလုံးခတ် ပြိုင်ပွဲဆုပေးပွဲ အခမ်းအနားကို နိုဝင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က တိုင်းဒေသကြီး မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်‌ရောက်ကြည့်ရှု အားပေးကာ(၄)ပေါက်တန်း အမျိုးသားဝိုင်းဖွဲ့ ခြင်းလုံးခတ်ပြိုင်ပွဲတွင် ပထမဆု ရရှိသော မကွေးမြို့နယ်အသင်းအား ဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။
ငါန်းဇွန်မြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပုံပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Nov 28,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့နံနက် ၉နာရီအချိန်မှစ၍ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပုံပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲ အခမ်းအနား ကျင်းပသည်။
မိုင်းခတ်မြို့နယ်တွင်ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံရသူ(၄)ဦးထပ်မံတွေ့ရှိ
Nov 28,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းကကိုဗစ်-၁၉ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအဖွဲ့မှ ဉီးဆောင်၍ မြို့မစျေးရှိ စျေးဆိုင်ရှင်များ၊ မြို့တွင်းဝင်/ထွက်သွားလာသူများ၊ ပိုးတွေ့လူနာများ၏ မိသားစုဝင်များ၊ Contact ထိတွေ့သူများ စုစုပေါင်းလူဦးရေ (၆၄)ဦးအား RDTtestkit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ရောဂါပိုး(၄)ဦး တွေ့ရှိခဲ့ကြောင်းသိရသည်။
ငါန်းဇွန်မြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပုံပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Nov 28,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထု အခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ နံနက် ၉နာရီအချိန်မှစ၍ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပုံပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲအခမ်းအနား ကျင်းပသည်။
မြို့သစ်မြို့နယ်တွင်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်း စာစောင် များဖြန့်ဝေ
Nov 28,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသည့် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများထံသို့ ဖြန့်ဝေပေးခဲ့သည်။
မင်းလှမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်(၆)လတွင် ဆောင်ရွက်မည့်ကျေးလက်‌ ရေပေးရေးလုပ်ငန်းများ ရှင်းလင်းဆောင်ရွက်
Nov 28,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊မင်းလှမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေး နှစ် (၆)လတွင် ဆောင်ရွက်မည့်ကျေးလက် ရေးပေးရေးလုပ်ငန်းများအား ချပြရှင်းလင်းခြင်းကို ယမန်နေ့၊ နေ့လယ်၂နာရီခွဲကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် မင်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်ကအမှာစကားပြောကြား ရာတွင် ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ်(၆) လတွင် ကျေးလက်ရေပေးရေးလုပ်ငန်းများအတွက် တာဝန်ယူ‌ ဆောင်ရွက်မည့်ကုမ္ပဏီများအနေဖြင့် သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ လုပ်ငန်းများအရည်အသွေးပြည့်မီရေး နှင့်အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန် ပြောကြားခဲ့သည်။