ငါန်းဇွန် နိုဝင်ဘာ၂၈
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထု အခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ နံနက် ၉နာရီအချိန်မှစ၍ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပုံပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲအခမ်းအနား ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နေခြည်ဦးက(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပုံပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ငါန်းဇွန်မြို့အခြေခံပညာအထက်တန်း ကျောင်းမှ မူလတန်းအဆင့် ကျောင်းသားကျောင်းသူများမှ ပုံပြောပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ကြသည်။ အဆိုပါ ပြိုင်ပွဲများတွင် မြို့နယ်ဦးစီးမှူး ဒေါ်နေခြည်ဦး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန အကြီးတန်းစာရေးဒေါ်မိုးမိုးစံတို့က အမှတ်ပေးဒိုင်အဖြစ် ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲများအပြီးတွင် ပထမ၊ ဒုတိယ၊ တတိယဆုရ ကျောင်းသားကျောင်းသူများအား ဆုများ အသီးသီးချီးမြင့်ပေးအပ်ပြီး လာရောက်ယှဉ်ပြိုင်ကြသော ကျောင်းသားကျောင်းသူများနှင့် ကျောင်း သားမိဘ များအား အမှတ်တရလက်ဆောင်များပေးအပ်ခြင်းနှင့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အဆိုပါပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင်ကြသော ကျောင်းသားကျောင်းသူများနှင့် ကျောင်းသား မိဘများသည် ပြည်သူ့စာကြည့်တိုက်အတွင်း (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ် အသိပညာဗဟုသုတ တိုးပွားစေရန်ပြသထားသော စာအုပ်စာစောင်များနှင့် ရုံးဝင်းအတွင်း အမျိုးသားအောင်ပွဲ နေ့အကြောင်း သိကောင်းစရာများပြသထားသော နံရံကတ်ဘုတ်များအား စိတ်ပါဝင်စား စွာ လှည့်လည်ကြည့်ရှု လေ့လာကြကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)