အထက်မင်းလှ နိုဝင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊မင်းလှမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေး နှစ် (၆)လတွင် ဆောင်ရွက်မည့်ကျေးလက် ရေးပေးရေးလုပ်ငန်းများအား ချပြရှင်းလင်းခြင်းကို ယမန်နေ့၊ နေ့လယ်၂နာရီခွဲကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် မင်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်ကအမှာစကားပြောကြား ရာတွင် ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ်(၆) လတွင် ကျေးလက်ရေပေးရေးလုပ်ငန်းများအတွက် တာဝန်ယူ ဆောင်ရွက်မည့်ကုမ္ပဏီများအနေဖြင့် သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ လုပ်ငန်းများအရည်အသွေးပြည့်မီရေး နှင့်အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန် ပြောကြားခဲ့သည်။
ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှမြို့နယ်ဦးစီးမှူးဦးဝေလင်းမောင်က ကျေးလက်ရေပေးရေး လုပ်ငန်း များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။ ယင်းနောက်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ ဦးစီးအရာရှိ (နည်းပညာ) ဒေါ်ခင်စန္ဒီကျော်က ကျေးလက်ရေပေးရေးလုပ်ငန်းပိုင်းဆိုင်ရာများအား ရှင်းလင်းပြောကြား ပြီး တင်ဒါအောင်မြင်သည့် ထွန်းဇမ္ဗူကုမ္ပဏီနှင့်ဇေယျာထက်ကုမ္ပဏီမှ တာဝန်ရှိသူများက ကျေးလက်ရေပေးရေး လုပ်ငန်းများ ဆောင်ရွက်မည် လုပ်ငန်းအခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
မင်းလှမြို့နယ်၌ ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ်(၆)လတွင် ဆောင်ရွက်မည့် ကျေးလက်ရေပေးရေးလုပ်ငန်းများမှာ တလုတ်ပင် ကိုင်း ကျေးရွာရေရရှိရေးလုပ်ငန်းမှ ရေစက်ရုံနှင့်ရေပိုက်လိုင်းသွယ်တန်းခြင်း၊ ဂါလံ၅၀၀၀ဆံ့အုတ်ရေကန် တည်ဆောက် ခြင်း၊ကျောက်ထောင်ကျေးရွာ၊တလုတ်ရင်း(လယ်)ကျေးရွာရေတွင်းမြောင်(မြောက်) ကျေးရွှာနှင့်ဆင်မကျကျေးရွာ တို့မှ မြေသားရေကန်တိုးချဲ့ပြုပြင်ခြင်းဖြစ်ပြီး၊ လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်းနှင့် အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက် ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကရေရရှိရေးလုပ်ငန်းများတွင် ဆောင်ရွက်မည့်ကုမ္ပဏီများမှ တာဝန်ခံများအား ပြောကြားခဲ့ကြောင်းသိရသည်။
ဇာဇာ(အထက်မင်းလှ)