သရက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာချစ်သူများ စာဖတ်ဝိုင်းကျင်းပ

သရက် နိုဝင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး သရက်မြို့တွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်    Women Club ၊  Book Club စာပေချစ်သူများ အဖွဲ့တို့ ပူးပေါင်းပြီး ပြည်သူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိ၍ အသိပညာ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍  စာဖတ်ရှိန်မြှင့်တင်ရေး စာချစ်သူများ စာဖတ်ဝိုင်း ကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနCommunity Centre ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင်သရက်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ဆွေက စာဖတ်ဝိုင်းကို အပတ်စဉ်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်အား ပြောကြား ပေးခဲ့ပြီး Book Club ဉက္ကဌဦးအောင်ကျော်စိုးက  ဆရာအောင်သင်း ၏ ရည်မှန်းချက်နှင့်ပြဿနာ အထွေထွေ စာအုပ်မှ လူငယ်များအတွက် ရည်မှန်းချက်နှင့် ကြိုးစားအားထုတ်မှုရှိမှသာဘဝတိုးတက်မြင့်မားမည်ကို ဆွေးနွေးခဲ့ပြီး Women Club ၊ Book Club အဖွဲ့ဝင်များက ဆရာအောင်သင်း၏ ရဉ်မှန်းချက်နှင့် ပြဿနာ အထွေထွေစာအုပ်မှ  ဖတ်မှတ်ထားသည့် အမြင်များကိုဆွေးနွေးကြသည်။

ထိုနောက် Book Club အဖွဲ့ဝင် မောင်မင်းသိန်း(သရက်)ကဆွေးနွေးချက်များကို မိမိအမြင်ဖြင့် သုံးသပ် ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။

 ဇော်ထက်(သရက်)