မြို့သစ်မြို့နယ်တွင်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်း စာစောင် များဖြန့်ဝေ

                                                         မြို့သစ်  နိုဝင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အဖြစ်    ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသည့် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများထံသို့ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၁ခုနှစ် ၊(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များ အမျိုးသားအောင်ပွဲနေ့ဆောင်းပါး ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၊အေးအတူပူအမျှ ၊ အမျိုးသားရေးစိတ်ဓာတ်၊  အမျိုးသားပညာရေး ၊ ပညာရေးကဏ္ဍသည် အရေးကြီး၊  ကဗျာဆရာ ရေနံ့သာမောင်ကျော်ညွန့်၏  “ ဘုန်းရှင့်မြန်မာ တို့မြန်မာ” ကဗျာ ၊နိုင်ငံသာယာ ဝပြောဖို့ တိုင်းရင်းသားအားလုံးစည်းလုံးညီညွတ်စို့ဆောင်ပုဒ် ၊ မျိုးချစ်စိတ်ဓာတ် ထိန်းသိမ်းအပ် ကိန်းဝပ် ရှင်သန် ဇာတိမာန်ဆောင်ပုဒ်တို့ပါရှိပြီး ကျောင်းသားကျောင်းသူများ အသိပ ညာရရှိစေရေး  မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှသွားရောက်၍ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန်

 

                                                                                             ဝင်းအိဇွန် ( ပြန်/ဆက်)