သတင်းများ

မြို့သစ်မြို့နယ်တွင်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်း စာစောင် များဖြန့်ဝေ
Nov 28,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသည့် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများထံသို့ ဖြန့်ဝေပေးခဲ့သည်။
မင်းလှမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်(၆)လတွင် ဆောင်ရွက်မည့်ကျေးလက်‌ ရေပေးရေးလုပ်ငန်းများ ရှင်းလင်းဆောင်ရွက်
Nov 28,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊မင်းလှမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေး နှစ် (၆)လတွင် ဆောင်ရွက်မည့်ကျေးလက် ရေးပေးရေးလုပ်ငန်းများအား ချပြရှင်းလင်းခြင်းကို ယမန်နေ့၊ နေ့လယ်၂နာရီခွဲကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် မင်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်ကအမှာစကားပြောကြား ရာတွင် ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ်(၆) လတွင် ကျေးလက်ရေပေးရေးလုပ်ငန်းများအတွက် တာဝန်ယူ‌ ဆောင်ရွက်မည့်ကုမ္ပဏီများအနေဖြင့် သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ လုပ်ငန်းများအရည်အသွေးပြည့်မီရေး နှင့်အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန် ပြောကြားခဲ့သည်။
ပေါက်ခေါင်းမြို့ မြို့မဈေးမီးဘေးအန္တရာယ် ကင်းဝေးစေရေး ဈေးဆိုင်များအား စစ်ဆေး
Nov 28,2021
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပေါက်ခေါင်းမြို့ မြို့မဈေး မီးဘေးအန္တရာယ်ကင်းဝေးရေးအတွက် ဈေးဆိုင်များအား စစ်ဆေးခြင်း နှင့်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့ညပိုင်းက မီးသတ်ဦးစီးဌာနမှ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဟိုပန်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)ကို ကျေးရွာများ သို့ ကွင်းဆင်း၍ ဆက်လက်ထိုးနှံပေးလျက်ရှိ
Nov 28,2021
ရှမ်းပြည်နယ်​မြောက်ပိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၊ ရွှေဝါကျေးရွာအုပ်စု ​ရွှေဝါကျေးရွာ၊ စံပြကျေးရွာ၊ ဖောင်ဆိပ်နှင့် အမှတ်(၁၄၅) စသည့် များတွင် နေထိုင်​ကြသည့် ဒေသခံပြည်သူများအား ယမန်နေ့က ရွှေဝါကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်း စုရပ်နေရာ၌ ကွင်းဆင်း၍ စတုတ္ထအသုတ်၊ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မင်းလှမြို့နယ်တွင် လက်ပံတံခါး မီးသတ်နယ်‌မြေစခန်းဆောက်လုပ်ပြီးစီးမှုအား မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေး
Nov 28,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်လက်ပံတံခါး‌ကျေးရွာ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ အထွေထွေရန်ပုံငွေစာရင်း(GRF)မှမင်းလှမြို့နယ် လက်ပံတံခါး မီးသတ် နယ်‌မြေ စခန်း ဆောက်လုပ်ပြီးစီးမှု အခြေအနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ မြို့နယ်အရည်အသွေးစစ်ဆေးရေး ကော်မတီအဖွဲ့ဝင်များကယမန်နေ့နံနက် ၉နာရီ က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အင်းတော်မြို့ အောက်ဆီဂျင် စက်ရုံဖွင့်ပွဲ အခမ်းအနားကျင်းပ
Nov 28,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ အောက်ဆီဂျင် စက်ရုံဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါစက်ရုံရှေ့ အောက်ဆီဂျင် ဖြန့်ဝေရေးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။