အထက်မင်းလှ နိုဝင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်လက်ပံတံခါးကျေးရွာ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ အထွေထွေရန်ပုံငွေစာရင်း(GRF)မှမင်းလှမြို့နယ် လက်ပံတံခါး မီးသတ် နယ်မြေ စခန်း ဆောက်လုပ်ပြီးစီးမှု အခြေအနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အရည်အသွေးစစ်ဆေးရေး ကော်မတီအဖွဲ့ဝင်များကယမန်နေ့နံနက် ၉နာရီ က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
မင်းလှမြို့နယ်၌ လက်ပံတံခါးမီးသတ်နယ်မြေစခန်းဆောက်လုပ်ရာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အထွေထွေရန်ပုံငွေစာရင်း( GR F)မှ ခွင့်ပြု ငွေကျပ်(၁၅၀.၉၉၀၅)သန်း ဖြင့် မီးသတ်စခန်းအဆောက်အဦးအလျား ၄၅ ပေ၊ အနံ ၅၀ ပေ၊ အမြင့်၂၆ ပေ ဖြင့်နှစ်ထပ်ဆောက် လုပ်ခြင်းဖြင်ပြီး အဆိုပါ မီးသတ်စခန်းအဆောက်အဦမှာ ၁၀၀ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးပြီဖြစ် ကြောင်းနှင့် လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေများကို မြို့နယ်မီးသတ် ဦးစီးမှူး ဦးကျော်စိုးလင်း က ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ လက်ပံတံခါးမီးသတ်နယ်မြေစခန် အဆောက်အဦဆောက်လုပ်ခြင်းကို ”လင်းရာပြည့်” ကုမ္ပဏီက တာဝန်ယူဆောက်လုပ်ခြင်းဖြစ်ပြီး၊ မီးသတ်နယ်မြေစခန်းဆောက်လုပ် ပြီးစီးမှုအခြေအနေ များကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အရည်အသွေး စစ်ဆေးရေး ကော်မတီ အဖွဲ့ဝင် များ ကစစ်ဆေးပြီး တာဝန်ခံဆောက်လုပ်သည့် ကုမ္ပဏီအနေဖြင့် သတ်မှတ်စံချိန် စံညွှန်းနှင့် အညီပြည့်မီရေး အလေးထားလိုက်နာ ဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်းသိရသည်။
ဇာဇာ(အထက်မင်းလှ)