ပေါက်ခေါင်းမြို့ မြို့မဈေးမီးဘေးအန္တရာယ် ကင်းဝေးစေရေး ဈေးဆိုင်များအား စစ်ဆေး

ပေါက်ခေါင်း   နိုဝင်ဘာ   ၂၈

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပေါက်ခေါင်းမြို့ မြို့မဈေး မီးဘေးအန္တရာယ်ကင်းဝေးရေးအတွက် ဈေးဆိုင်များအား စစ်ဆေးခြင်း နှင့်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့ညပိုင်းက မီးသတ်ဦးစီးဌာနမှ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ဦးစီးဌာနဝန် ထမ်းများနှင့်အဖွဲ့များက မြို့မဈေးရှိ ဈေးဆိုင်များ၊မီးကြွင်းမီးကျန်မရှိစေရေး၊မီးသတ်ဆေးဘူးများစနစ်တကျထားရှိသုံးစွဲနိုင်ရေး၊လျှပ်စစ်မီး သုံးစွဲမှုစနစ်တကျ ရှိစေ ရေး၊ မီးပလပ်ခုံနှင့်ဝါယာ ကြိုးများကြံ့ခိုင်ကောင်းမွန်မှု ရှိမရှိတို့ကိုစစ်ဆေးခဲ့ပြီး၊လိုအပ်သည်များကို ဆိုင်ခန်းပိုင်ရှင်များအား အသိပေးမှာကြားခဲ့ကြောင်းသိရသည်။

သန်းထွန်းအောင်