မြို့သစ်မြို့ မြို့မစျေးကြီးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မြို့သစ်    နိုဝင်ဘာ ၂၇

မကွေးခရိုင်၊ မြို့သစ်မြို့နယ် မြို့မစျေးကြီးအတွင်းသို့ မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးချထားမှုအခြေအနေများကို မြို့နယ်တာဝန်ရှိသူများက  ယမန်နေ့နံနက် ၉  နာရီက မြို့မစျေးကြီး အတွင်းသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ မြို့မစျေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုအား အမှတ် (၁၇) ကာကွယ်ရေးပစ္စည်းစက်ရုံမှူး ဗိုလ်မှူးကြီးသိန်းလွင်၊   မြို့နယ်စီမံကောင်စီ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ မြို့နယ်လျှပ်စစ်မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်ပါ၍ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ပိုင်မြို့မစျေးကြီးအတွင်းသို့ မီးဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံရေးချထားမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲက မြို့သစ်မြို့နယ်သို့ပေးပို့လာသည့် Oxygen Plan 30NM 3 /hr တပ်ဆင်နိုင်ရေး၊   အဆောက်အဦတည်ဆောက်နေမှုအား ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်လမ်းညွန်မှုများအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ရာမြို့နယ် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက စက်ရုံတည်ဆောက်မှုနှင့်  အောက်ဆီဂျင် ထုတ်ယူမှုအပိုင်းများကို ရက်ပိုင်းအတွင်အပြီး တည်ဆောက်လုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ကိုဇော်( ပြန်/ဆက်)