မန်ကန် နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့ရုံး၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြသမှုကို ယနေ့နံနက်၇နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက် ဘုတ်တွင် ပြသခဲ့သည်။
အဆိုပါ နံရံကပ်ဘုတ်တွင် ပြည်သူများ စိတ်နှလုံးတွင်းသို့ အမျိုးသားအောင်ပွဲနေ့ ကိန်းအောင်း၍ စွဲမြဲစွာအမှတ်ရစေရန် ရည်ရွယ်၍ အမျိုးသားအောင်ပွဲနေ့နှင့် ပက်သတ်သည့် ဖြစ်စဉ်သမိုင်းများ၊ အမျိုးသားအောင်ပွဲနေ့ဆိုင်ရာ ဆောင်းပါးများ၊ ကဗျာများ၊ ကာတွန်းများနှင့် ဓာတ်ပုံများတို့ကို ခင်းကျင်းပြသပြီး အမျိုးသားနေ့ဆိုင်ရာ စာအုပ် စာပေများကိုလည်း ငှားရမ်းပေးခဲ့ကြောင်းသိရသည်။
အဆိုပါ နံရံကပ်ပြဘုတ်အား ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ လာရောက်ဖတ်ရှု့ လေ့လာမှတ်သားလျက်ရှိပြီး အသိပညာပေးခြင်းလုပ်ငန်းများဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အခြားဗဟုသုတများစွာကိုလည်း လစဉ်ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇင်ထက်
(ပြန်/ဆက်)