ဒဂုံ နိုဝင်ဘာ ၂၆
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၀း၀၀) နာရီအချိန်က ရပ်ကွက်နေပြည်သူများနှင့် စာသင်ကျောင်းများ၊ ဌာနဆိုင်ရာများသို့ သွားရောက် ဖြန့်ဝေ ခဲ့သည်။
အဆိုပါလက်ကမ်းစာစောင်တွင်၂၀၂၁ခုနှစ်၊ (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အမှာစကားမှ ကောက်နုတ်ချက်၊ အမျိုးသားပညာရေး၊ အမျိုးသားရေးစိတ်ဓါတ်၊ အမျိုးသားအောင်ပွဲနေ့ဆောင်းပါးနှင့် ကဗျာများဖြင့် သိရှိမှတ်သာဖွယ်ဗဟုသုတစုံလင်စွာဖြင့် ဝေဝေဆာဆာ ထည့်သွင်း ဖော်ပြလျက်ရှိကြောင်း သိရ သည်။