အလုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်နိုင်ရေး Mask Campaign ဆောင်ရွက်

အလုံ  နိုဝင်ဘာ  ၂၆

ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရည်ရွယ်ကာ ရန်ကုန် အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ယနေ့နံနက်(၁၀)နာရီအချိန်က အလုံမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးသည့် အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းက ယခုအခါ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့ပိုမို များပြားလာသည့်အတွက် ပြည်သူများအနေဖြင့်  နေအိမ်ပြင်ပထွက်သည့်အခါတိုင်း ပါးစပ်၊ နှာခေါင်းစည်း(Mask) တပ်ဆင်ရန်၊  လက်ကိုမကြာခဏ ဆေးကြောရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များကို လိုက်နာကြရန် စသည်ဖြင့် အသိပညာပေးပြောကြားခဲ့သည်။

ဆက်လက်၍ ကိုဗစ်-၁၉ ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ပြည်သူများအား  ပါးစပ်၊ နှာခေါင်းစည်း (Mask) များ ဖြန့်ဝေခဲ့ပြီး  အဆိုပါ Mask Campaign တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိသည်။

မြို့နယ် ပြန်/ဆက်