သုံးခွမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည် ကျန်းမာ လာသူများ၏ ရင်တွင်းစကားသံများ

သုံးခွ နို၀င်ဘာ ၂၆

ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့်ကျဆင်း ပ‌ပျောက်စေရေး လုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာန ဆိုင်ရာများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည် ကျန်းမာလာသူများ၏ ရင်တွင်းစကားသံများကိုလည်း ယခုလိုကြားသိခဲ့ရပါတယ်

မောင်အောင်မိုးသူ(နဘဲကုန်းကျေးရွာ)

ကျွန်တော်ကတော့ သုံးခွမြို့နယ် နဘဲကုန်းကျေးရွာမှာနေထိုင်တဲ့ သူဖြစ်ပါတယ်။သြဂုတ်လ ၅ ရက်နေ့မှာ ကျွန်‌တော်စဖျားလာတယ် ညဘက်ညဘက်တွေမှာ ချမ်းတယ်၊ မနက်ခင်း ဆိုလူကောင်း အတိုင်းပဲနေလို့ ထိုင်လို့ ကောင်းတယ်၊ အဲ့ဒီလိုမျိုးဖြစ်နေတာ သုံးရက်ဆက် တိုက်လောက်ဖျားလာ‌တော့ ကျွန်တော့ကိုယ် ကျွန်တော်သံသယရှိ လာတဲ့အတွက် မိဘ‌ တွေကိုကူးမှာစိုးလို့ အိပ်ခန်းမှာ ကျွန်တော်တစ်ယောက်ထဲသီးသန့် နေပါတယ် ဒီလိုနဲ့ ကျွန်တော် အဖျားမကျတဲ့အတွက်  ဩဂုတ်လ၇ရက်နေ့မှာ သုံးခွမြို့နယ် ကျန်းမာရေးဦးစီး ဌာနမှာ ကိုဗစ်ပိုးရှိ/မရှိသွားရောက်စစ် ဆေးခဲ့တဲ့ အခါမှာ ရောဂါပိုးတွေ့ရှိတဲ့ အတွက်‌ကြောင့် မြို့နယ်ကိုဗစ်ကုသရေး စင်တာမှာဘဲ ဆေးကုသမှုခံယူခဲ့ပါတယ်။  

ကိုဗစ်ကုသရေးစင်တာမှာ စတက်တဲ့နေ့မှာပဲ  မောလာတယ် အစားလဲမစားချင်ဘူး စားလို့လဲမ၀င်ဘူး ချောင်းနဲနဲ ဆိုးလာတယ်၊ အဲ့ဒီရောဂါကို ဩဂုတ် ၁၃ရက်နေ့အထိ အပြင်း အထန် ခံစားခဲ့ရတယ်။အဲ့ဒီ့‌နောက် မြို့နယ်ကိုဗစ်ကုသရေးစင်တာရဲ့ လမ်းညွှန်မှုကျန်းမာရေး စောင့်ရှောက်မှုနဲ့အတူ အိပ်ရေး၀၀အိပ်တယ်၊ အစားကို အချိန်မှန်မှန်စားတယ်၊ သောက်ရမဲ့ ဆေးတွေ ကိုပုံမှန်သောက်သုံးခဲ့တဲ့အတွက် ကျွန်တော်စတက်တဲ့နေ့ကစ ပြီး၁၀ရက်‌ မြောက်တဲ့‌နေ့မှာ  မောတာလဲသက်သာလာတယ် ၊အစားလဲ၀င်လာတယ်၊ နေလို့ထိုင်လို့ ကောင်းလာတယ် ဒီလိုနဲ့ တဖြေးဖြေး ၁၄ ရက်ပြည့်တဲ့အထိ ကုသရေးစင်တာ မှာနေခဲ့ပါတယ်၊ ကျန်းမာ ရေးကောင်းမွန်ပြီး ၁၄ ရက်ပြည့်တဲ့နေ့မှာ မြို့နယ်ကြက် ခြေနီတပ်ဖွဲ့မှ ကျွန်တော် နေထိုင်ရာ နဘဲကုန်းကျေးရွာ ကျွန်တော်နေအိမ်ကို လိုက်ပါပို့ဆောင် ပေးခဲ့ပါတယ်။ ကျွန်တော် နေအိမ်ကိုရောက်ရှိပေမဲ့လည်း ကျွန်တော်ရဲ့မိဘနှစ် ပါးကိုကူးမှာ စိုးလို့ မိသားစု နဲ့ခွဲခွာပြီးတော့သိသန့်နေအိမ်မှာ Stay Home(၇) ရက်‌ထပ်ပြီး နေထိုင်ခဲ့ပါတယ် ၊ဘာကြောင့်လဲဆိုရင် ဒီရောဂါဟာ ကူးစက်မြန် ရောဂါဖြစ်တဲ့အတွက် လုံး၀ပျောက်ကင်းတဲ့ အထိ ကျွန်တော်မိသားစုနဲ့ရော ကျေးရွာသူကျေးရွာ သားတွေ့နဲ့ပါ ထိစပ်မှုမရှိအောင် နေတာဖြစ်ပါတယ် ယခုဆိုရင်ကျွန်တော် မောတာလဲမရှိတော့ဘူး အစား အသောက်တွေလဲ ပုံမှန်ပြန်စား နိုင်နေပါပြီဖြစ်ပါတယ်။

မိဘပြည်သူများအနေနဲ့လည်း ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေဖို့  အပြင်ထွက်တိုင်း Mask ကို စနစ်တကျ တပ်ဆင်ကြဖို့၊ လက်ကို မကြာခဏ ဆေးကြောကြဖို့၊ လူထပ်သော နေရာများ ကို ရှောင်ကြဉ်ကြဖို့၊ အာဟာရဖြစ်စေတဲ့ အစားအသောက် များကို စနစ်တကျ စားသောက် ကြဖို့၊ အိပ်ရေးဝအောင်အိပ်ကြဖို့ တိုက်တွန်းအပ်ပါတယ်၊  ဒီလိုရောဂါတွေကို ကာကွယ်နိုင် ဖို့အတွက် နိုင်ငံတော် အစိုးရ‌ကနေပြီးတော့ မြန်မာနိုင်ငံတစ်၀န်းလုံးမှာ ရှိတဲ့ပြည်သူ‌တွေ ကိုသက်ဆိုင်ရာ ဦးတည်အုပ်စု အလိုက်ကာကွယ်‌ ဆေးတွေထိုး ပေးနေပါတယ် ကျွန်တော်တို့ရွာမှာဆိုရင်လည်း ကာကွယ်ဆေးတွေကို ကျန်းမာရေးဦးစီး ဌာနမှ တာ၀န်ရှိ သူများက ကျေးရွာအထိကာ ကွယ်‌ဆေးများလာရောက်ထိုးပေးနေပြီ ဖြစ်ပါတယ် ကျွန်တော်ဆိုရင်လည်း ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးပြီးပါပြီ အဲ့ဒီအတွက် ဒီလိုရောဂါဆိုးကြီးက‌‌နေ ကင်းဝေးနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ပြည်သူများ အနေဖြင့် မပျက်မကွက် ကာကွယ်ဆေးကိုထိုးနှံကြပါလို့ ပြောကြားလိုပါတယ်၊ ကျေးဇူးတင်ပါတယ်။

စည်သူလင်း ပြန်/ဆက်