လဲချား နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်``သတင်းစကား´´လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့မစျေး၊ပျံကျစျေးနှင့် အစိုးရရုံးဌာနတို့တွင် ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ``သတင်းစကား´´ လက်ကမ်းစာစောင်တွင် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၊ အမျိုးသားရေးစိတ်ဓါတ်၊ အမျိုးသားပညာရေး၊ အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များ၊ ပညာရေးကဏ္ဍသည် အရေးကြီးကြောင်းစသည့် အကြောင်းအရာများပါဝင်သည်။
ထိုသို့``သတင်းစကား´´ လက်ကမ်းစာစောင် ဖြန့်ဝေရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးလေးယုနှင့် ဝန်ထမ်းများက မြို့မစျေး၊ ပျံကျစျေး၊ အစိုးရုံးဌာနများနှင့် လူစည်ကားသောနေရာများတွင် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လွှမ်းသူနောင် (လဲချား)