မုံးကိုး နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများ အသိပညာပေး ဆော်ဩခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၁၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များက မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါဆိုးကြီးသည် လျှင်မြန်စွာ ကူးစက်ပျံ့ပွားမှု ဖြစ်နေပြီး သေဆုံးမှုများ မြင့်မားလျက်ရှိသဖြင့် ရောဂါဆိုးကြီးကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံးအိမ်မှာ နေထိုင်ကြရန်၊ မိမိတို့အိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံကြရန်၊ မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်း မပြုကြရန်၊ အရေးကြီး ကိစ္စကြောင့်အပြင် ထွက်ရပါကပါးစပ်နှင့် နှားခေါင်းစည်း Mask စနစ်တကျ တပ်ဆင်ကြရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း စကားပြောခြင်း၊ ဈေးဝယ်ခြင်းများ ရှောင်ကျဉ်လိုက်နာ ဆောင်ရွက်ကြရန်တို့ကို ကျယ်ကျယ်ပြန့်ပြန့် နှိုးဆော်အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းဇော်ဦး (မုံးကိုး)