သတင်းများ

မင်္ဂလာဒုံမြို့နယ်တွင်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေ
Nov 26,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀ နာရီက၊ မင်္ဂလာဒုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှိမြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များ အ.ထ.ကကျောင်း၊ မူလတန်းကျောင်းများနှင့် လူစည်ကားရာနေရာများဖြစ်သော ကားဂိတ်၊ ဆိုက်ကားဂိတ်၊ စျေးများတွင် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ်တွင် ဆောင်းတွင်းရာသီစာအဖြစ် ဒေသထွက် တင်းဝါးများ ရောင်းအားကောင်း
Nov 26,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ကျောင်းတွင်းရပ်ကွက် စည်ပင်ကွက်သစ်ရပ် ပဒါန်း-ငဖဲ ကားလမ်းဘေးတွင် နေထိုင်ပြီး ဆောင်းတွင်းရာသီစာအဖြစ် ဒေသထွက် ကောက်ညှင်းကျည်တောက်(ခ) တင်းဝါးများကို မိသားစုတစ်ပိုင်တစ်နိုင် လုပ်ကိုင်ရောင်းချရာ ရောင်းအားကောင်း၍ စီးပွားရေး အဆင်ပြေနေကြောင်း သိရသည်။
ကံမမြို့နယ်၏ သရက်-နတ်မီးတောက်-ကံမ လမ်းမြေပြင် ဆောင်ရွက်မည့် တည်နေရာအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး
Nov 26,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုထွန်း မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိနှင့် အင်ဂျင်နီယာ၊ လမ်းဦးစီးဌာန ဦးစီးအရာရှိ၊ ကျေးလက်လမ်း ဦးစီးဌာန ဦးစီးအရာရှိတို့ ပါဝင်သောအဖွဲ့သည် ယမန်နေ့ နေ့လည်က သရက်-နတ်မီးတောက်-ကံမ လမ်း တည်နေရာအား ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။
ရေနံချောင်းမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆို ပြိုင်ပွဲ ကျင်းပပြုလုပ်
Nov 26,2021
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြို ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ရေနံချောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
(၁၀၁) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ပြည်သူများ ထံဖြန့်ဝေ
Nov 26,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို လူစည်ကားရာနေရာများဖြစ်သော မြန်မာ့စီးပွားရေးဘဏ်နှင့် ကားမှတ်တိုင်များတွင် ယနေ့နံနက် ၁၀ နာရီအချိန်က သွားရောက် ဖြန့်ဝေပေးခဲ့သည်။
မြောင်းမြမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိန်းချုပ်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ချက်များနှင့် ကာကွယ်ဆေး ထိုးနှံကြရန် ပြည်သူများအား အသိပေးလိုက်လံနှိုးဆော်
Nov 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်မြမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်အတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့်  ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေး ထိုးနှံရာတွင် ပူးပေါင်းပါဝင်နိုင်ရန် အသိပညာ ပေးနှိုးဆော်ခြင်း များကို မြောင်းမြမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ကရပ်ကွက်များအတွင်း ယနေ့နံနက်(၉)နာရီက လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
ချောက်မြို့မစျေး၌ မီးဘေးလုံခြုံရေး လျှပ်စစ်ဒါးမိန်းများအား လှဲလှယ်ရန်စစ်ဆေး
Nov 26,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်မြို့မစျေး ဝါယာရှော့ကြောင့် မီးလန့်မှု၊ မီးလောင်မှုများ ဖြစ်ပွားမှု မရှိစေရေးအတွက် ယမန်နေ့ညနေက မြို့မဈေးအတွင်းရှိ လျှပ်စစ်ပင်မမိန်းခုံ၊ လျှပ်စစ်မီတာ အားလုံးတို့တွင် ထားရှိသည့် ဒါးမိန်းများအစား ဝါယာရှော့ဖြစ်လျင် လျှပ်စစ်ဓါတ်အား ဖြတ်ချနိုင်ရေး‌ အတွက် ကောင်းမွန်သော ဘရေကာ (Safety Breaker) ခံ၍သုံးပြုနိုင်ရန် မီးဘေးလုံခြုံရေး ကြိုတင်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့မစျေးကြီး မီးဘေးလုံခြုံရေးလိုက်လံစစ်ဆေး
Nov 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့မစျေးကြီးအတွင်း မီးဘေးလုံခြုံရေးအတွက် တာဝန်ရှိသူများက နိုဝင်ဘာလ ၂၆ ရက်နံနက်ပိုင်းစစ်ဆေးခဲ့ကြောင်း သိရသည်။