လှည်းကူး နိုဝင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို လူစည်ကားရာနေရာများဖြစ်သော မြန်မာ့စီးပွားရေးဘဏ်နှင့် ကားမှတ်တိုင်များတွင် ယနေ့နံနက် ၁၀ နာရီအချိန်က သွားရောက် ဖြန့်ဝေပေးခဲ့သည်။
(၁၀၁) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် ရန်ကုန်ယူနီဗာစီတီကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုခဲ့ကြသော ကျောင်းသားကြီး ၁၁ ဦး၊ ၂၀၂၁ ခုနှစ် (၁၀၁) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များ၊ အမျိုးသား ပညာရေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၁၁ - ၄ - ၂၀၂၁ နေ့တွင် ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအားတွေ့ဆုံ ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက် ဖြစ်သည့် ပညာရေးကဏ္ဍသည် အရေးကြီး၊ အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ၊ ရေနံ့သာမောင်ကျော်ညွန့်၏ ဘုန်းရှင့်မြန်မာတို့ မြန်မာစသည်တို့ ဝေဝေဆာဆာထည့်သွင်း၍ ပြည်သူများသိရှိလေ့လာနိုင်ရန်ဖော်ပြ ပါရှိကြောင်းသိရသည်။
သန်းသန်းစိုး ( ပြန်/ဆက်)