ရေနံချောင်းမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆို ပြိုင်ပွဲ ကျင်းပပြုလုပ်

ရေနံချောင်း နိုဝင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြို ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က  ရေနံချောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန္ဒာလှိုင် က  အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ အကြောင်းကို ကဗျာရွတ်ဆိုပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား ရှေ့ဦးစွာ ရှင်းလင်းဟောပြောဆွေးနွေးပြီး ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန(ရုံးချုပ်)မှ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်မှ ရေနံ့သာမောင်ကျော်ညွန့် ရေးသားသော “ဘုန်းရှင့်မြန်မာ တို့မြန်မာ ကဗျာကိုရွတ်ဆိုပြိုင်ပွဲဝင်ခဲ့ကြပြီး ဆုရရှိသူများကို မြို့နယ်ဦးစီးမှူး ဒေါ်နန္ဒာလှိုင်နှင့် စာပေချစ်မြတ်နိုးသူ တစ်ဦးမှ ဆုလက်ဆောင်များ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ငြိမ်းငြိမ်းအိ