မြောင်းမြမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိန်းချုပ်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ချက်များနှင့် ကာကွယ်ဆေး ထိုးနှံကြရန် ပြည်သူများအား အသိပေးလိုက်လံနှိုးဆော်

မြောင်းမြ နိုဝင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်မြမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်အတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့်  ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေး ထိုးနှံရာတွင် ပူးပေါင်းပါဝင်နိုင်ရန် အသိပညာ ပေးနှိုးဆော်ခြင်း များကို မြောင်းမြမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ကရပ်ကွက်များအတွင်း ယနေ့နံနက်(၉)နာရီက လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြောင်းမြမြို့အတွင်းရှိ ပြည်သူများအနေဖြင့်လက်ရှိဖြစ်ပေါ် နေသော ကိုဗစ်-၁၉ ရောဂါ ထိထိရောက်ရောက် ကာကွယ်နိုင်ရန် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ရန်၊ ပြင်ပမှလာသောဧည့်သည်များအား လက်မခံပါရန်၊ နှာခေါင်းစည်း(Mask) မတပ်သူများနှင့်တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှရှောင်ကြဉ်ရန်၊ လူစုလူဝေး ပြုလုပ်ခြင်းနှင့်သွားလာခြင်းများကိုရှောင်ကြဉ်ရန်၊ တစ်ခုခုကိုကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင်စနစ်တကျဆေးရန်နှင့် မိမိတို့၌ ရောဂါပိုး ကူးစက် ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသ ခံယူရန် စသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပေးချက်များ နှင့် ကိုဗစ်-၁၉ရောဂါကို ထိထိရောက်ရောက် ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မဖြစ်မနေ ထိုးနှံကြရန်ကို (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။