ကံမမြို့နယ်၏ သရက်-နတ်မီးတောက်-ကံမ လမ်းမြေပြင် ဆောင်ရွက်မည့် တည်နေရာအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ကံမ  နိုဝင်ဘာ  ၂၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုထွန်း မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိနှင့် အင်ဂျင်နီယာ၊ လမ်းဦးစီးဌာန ဦးစီးအရာရှိ၊ ကျေးလက်လမ်း ဦးစီးဌာန ဦးစီးအရာရှိတို့ ပါဝင်သောအဖွဲ့သည် ယမန်နေ့ နေ့လည်က သရက်-နတ်မီးတောက်-ကံမ လမ်း တည်နေရာအား ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။

ထိုသို့စစ်ဆေးရာတွင် ကံမမြို့နယ်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အထိ ဆောင်ရွက်မည့် အဆိုပြုစီမံကိန်း ဦးစားပေးဆောင်ရွက်ရန် လျာထားသည့် သရက်-နတ်မီးတောက်-ကံမ လမ်းပိုင်းမြေပြင် ဆောင်ရွက်မည့် လုပ်ငန်းတည်နေရာများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)