မင်္ဂလာဒုံမြို့နယ်တွင်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေ

မင်္ဂလာဒုံ   နိုဝင်ဘာ  ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀ နာရီက၊ မင်္ဂလာဒုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှိမြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များ အ.ထ.ကကျောင်း၊ မူလတန်းကျောင်းများနှင့် လူစည်ကားရာနေရာများဖြစ်သော ကားဂိတ်၊ ဆိုက်ကားဂိတ်၊ စျေးများတွင် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ၂၀၂၁ ခုနှစ်၊ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံ ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်များ၊ အမျိုးသားရေးစိတ်ဓာတ်၊ အေးတူပူအမျှ၊ ရန်ကုန် ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန် ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၊ အမျိုးသားပညာရေး၊ ဘုန်းရှင့်မြန်မာတို့မြန်မာ(ကဗျာ)နှင့် အမျိုးသားအောင်ပွဲနေ့ အစရှိသည့်အကြောင်း အရာများ ပါဝင်ခဲ့ကြောင်းသိရသည်။

သန္တာ(ပြန်/ဆက်)