ကော့သောင်း နိုဝင်ဘာ ၂၇
(၁၀၁) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ကော့သောင်းခရိုင် ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ကျင်းပသည်။
ပြပွဲတွင် မြန်မာနိုင်ငံ အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းဆိုင်ရာစာပေများ၊ မြန်မာနိုင်ငံ၏ ပညာရေးစနစ် ပြောင်းလဲမှုဆိုင်ရာစာအုပ်များ မျိုးချစ်စိတ် ရှင်သန်ထက်မြက်ရေးဆိုင်ရာ စာအုပ်စာစောင်များ၊ လွတ်လပ်ရေးနှင့် နိုင်ငံ့အချုပ်အခြာအာဏာ ထိန်းသိမ်းကာကွယ်မှုဆိုင်ရာ စာပေများနှင့် အခြားသုတ/ရသစာပေစာအုပ်များအား ခင်းကျင်းပြသထားပြီး စာအုပ်ပြပွဲသို့ လာရောက်သည့် လူငယ်များက ခင်းကျင်းပြသထားသည့် စာအုပ်/စာစောင်များအား စိတ်ပါဝင်စားစာ လေ့လာကြည့်ရှုခဲ့ကြပြီး ခရိုင်ရုံးစာကြည့်တိုက်ရှိ မိမိတို့ဖတ်ရှုလိုသည့် စာအုပ်စာစောင်များကို ငှားရမ်းခဲ့ကြကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)